close

မြေငလျင်လှုပ်

close

May 12, 2023

မတူပီမြို့အနီး အင်အားရစ်ချ်တာစကေး ၄ ဒသမ ၆ ရှိမြေငလျင်လှုပ်

ချင်းပြည်နယ်၊ မတူပီမြို့အနီး မေလ ၁၂ ရက် မနက်က  အင်အားရစ်ချ် တာစကေး ၄ ဒသမ ၆ ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တခုလှုပ်ခတ်သွားတယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။

မြန်မာစံတော်ချိန် ဒီနေ့မနက် ၃ နာရီ၊ ၁၄ မိနစ်၊ ၅၅ စက္ကန့် အချိန်က ဟားခါးမြေငလျင်စခန်းမှ အနောက်တောင်ဘက် ၇၃ မိုင်ခန့်အကွာ၊ မြန်မာနိုင်ငံ ပြည်တွင်း မတူပီမြို့ရဲ့ အနောက်-အနောက်မြောက်ဘက် ၂၁  မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် ၂၁ ဒသမ ၆၇ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒသမ ၁၂ ဒီဂရီ၊ အနက် ၇၁ ကီလိုမီတာကို ဗဟိုပြုပြီး မြေငလျင် လှုပ်ရှား သွားတာလို့ ဆိုပါတယ်။

အဆိုပါ မြေငလျင်ကြောင့် ထိခိုက် ပျက်စီးမှု အခြေအနေ သတင်းတွေကတော့ မကြားသိရသေးပါဘူး။

4 mins Ago

December 21, 2022

မိုးညှင်းမြို့အနီး ငလျင်လှုပ်

ကချင်ပြည်နယ်၊ မိုးညှင်းမြို့အနီး အင်အားရစ်ချ်တာစကေး ၃ ဒသမ ၈ အဆင့်ရှိ  အင်အားအနည်းငယ်ရှိတဲ့  မြေငလျင်တစ်ခု   ဒီဇင်ဘာ ၂၁  ရက်မနက်က လှုပ်ခတ်သွားတယ်လို့ မိုးဇလဌာနကက သတင်းထုတ်ပြန်ပါတယ်။

ဒီနေ့မနက်အစောပိုင်း မြန်မာစံတော်ချိန် မနက် ၃ နာရီ ၅၁ မိနစ် ၁၆ စက္ကန့် အချိန် ကသာမြေငလျင်စခန်းမှ မြောက်-အနောက်မြောက်ဘက် မိုင် ၃၀ လောက်အကွာ  ခန့်အကွာ၊ မြန်မာနိုင်ငံပြည်တွင်း မိုးညှင်းမြို့ရဲ့ အနောက်တောင် ၁၃ မိုင်ခန့်အကွာ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး မြေငလျင်တစ်ခု လှုပ်ရှားသွားတာလို့ သတင်းမှာဖော်ပြပါတယ်။

အဆိုပါငလျင်ကြောင့် လူတွေထိခိုက်တာနဲ့  နေအိမ်အဆောက်အအုံတွေ ပျက်စီးမှုသတင်းတွေက တော့ မကြားသိရသေးပါဘူး။

အခုရက်ပိုင်း မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေး၊ စစ်ကိုင်းတိုင်းနဲ့ နေပြည်တော်မှာ   မြေငလျင်တွေ ဆက်တိုက် လှုပ်ခတ်ခဲ့တာဖြစ်ပြီး မန္တလေးမြို့မှာတော့ ငလျင်ကြောင့် စေတီပုထိုးတော်တွေရဲ့ စိန်ဖူးတော်အများအပြား မြေခခဲ့ရကာ ဘုန်းကြီးကျောင်းတွေနဲ့ လူနေအိမ်တွေ ပျက်စီးခဲ့ပါတယ်။

Photo- မိုးဇလ

5 months Ago
Up