close

မြေငူကျွန်းကမ်းခြေ

close

July 9, 2022

ပေါက်တောမြို့နယ် မြေငူကျွန်းကမ်းခြေ၌ အလောင်း ၂ လောင်း တွေ့ရှိ

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်၊ မြေငူကျွန်းအရှေ့ဘက်ခြမ်းကမ်းခြေ သဲကုန်းကျေးရွာနားမှာ ဇွန် ၈ ရက် မနက်က ကြိုးတုတ်လျက် သေဆုံးတဲ့ အလောင်း ၂ လောင်း တွေ့ရှိရတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။

အလောင်းတွေကို မြေငူကျွန်းအရှေ့ဘက်ခြမ်းက သဲခုံနဲ့ ပြိုင်းတောင်ရွာမြစ်ကမ်းနားမှာ တွေ့ရတာလို့ ဆိုပါတယ်။

ပြိုင်းတောင်ရွာအညပ်ချုပ်ရေးမှူးက “လူသေအလောင်း တလောင်းက ကျနော်တို့ ပြိုင်းတောင် ကျေးရွာအောက်ဘက်ကမ်းမှာ တင်နေတယ်။ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ မသိရ သေးပါဘူး” လို့ ပြောပါတယ်။

ဒေသခံတဦးက “သူတို့က စိုးမဲ့ဂျီကမ်းခြေဘက်က ဂုံးငုတ်တဲ့ သူတွေလို့တော တချို့က ပြောကြတယ်။ အတိအကျ သိရဖို့ကတော့ မလွယ်သေးဘူး” လို့ ပြောပါတယ်။ 

လူသေအလောင်းတွေ တွေ့ရှိမှုမှာ ပေါက်တောမြို့နယ်ကို စစ်ကောင်စီစစ်ကြောင်း ရောက်ချိန်နဲ့  တိုက်ဆိုင်မှုရှိနေပေမဲ့ ဘယ်သူက ကြိုးတုတ်ပြီး သတ်ပစ်ခဲ့တာကို အတည်မပြုနိုင်သေးဘူးလို့ ကျေးရွာသားတွေ ပြောပါတယ်။

1 min Ago
Up