ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ နိုဝင်ဘာ ၂၈ ရက် မနက်ပိုင်းက မြေစာပုံ ပြိုကျခဲ့လို့ ရေမဆေးကျောက်ရှာသူ အမျိုးသား နှစ်ယောက် သေဆုံးခဲ့တယ်လို့ ရေမဆေးကျောက်ရှာသူတွေ က ပြောပါတယ်။
မှော်ဆီစာရွာနားက ကုမ္ပဏီလုပ်ကွက်ဟောင်း တခုမှာ မြေစာတင်ကားက မြေစာလာပုံချိန် မြေစာ ပုံ ပြိုကျခဲ့လို့ သေဆုံးခဲ့တာ ဖြစ်ပါတယ်။
ရေမဆေးကျောက်ရှာသူ တဦးက "မြေစာကား မြေစာသွန် နေတုန်း မြေစာပုံ ပြိုကျတာ။ အောက်မှာ ရေမဆေးရှာတဲ့သူ နှစ်ဦး သေတယ်။ အလောင်းတွေကို လူမှုကူညီရေး ကားနဲ့ သယ်သွားတယ်။” လို့ ပြောပါတယ်။
မြေပုံပြိုကျလို့ အသက် ၃၀ ကျော် အရွယ် တယောက်နဲ့ အသက် ၄၀ ကျော် အရွယ် တယောက်တို့ သေဆုံးခဲ့တာပါ။
မိုးကာကျေးရွာမှာလည်း အောက်တိုဘာလက မြေစာပုံပြိုကျပြီး ရေမဆေးကျောက် ရှာသူ အမျိုးသား နှစ်ယောက် သေဆုံးခဲ့ပါတယ်။
ဖားကန့်မြို့နယ်ထဲက မှော်ဆီစာ၊ မမုံနဲ့ မက်လင်ချောင်ရွာတွေမှာရှိတဲ့ ကျောက်စိမ်းလုပ်ကွက်တွေ မှာ ညလုံးပေါက် ကျောက်စိမ်းတူးဖော်တာတွေ ပုံမှန်ရှိနေဆဲ ဖြစ်ပါတယ်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ် မနမှော်မှာ ဖေဖော်ဝါရီ ၁၈ ရက်မနက်ပိုင်းက နွံကန်ပေါက်ပြီး မြေစာပုံပြိုကျရာမှ ရေမဆေးကျောက်ရှာဖွေသူ နှစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မနမှော်မှာရှိတဲ့ ကျောက်စိမ်း ကုမ္ပဏီ လုပ်ကွက်ဟောင်းအတွင်းက နွံကန်ပေါက်ကျပြီး မြေစာပုံပြိုကျခဲ့တဲ့အတွက် ရေမဆေးကျောက်ရှာဖွေသူ နှစ်ဦးမျှောပါ သေဆုံး၊ သုံးဦး ဒဏ်ရာရခဲ့တာလို့ ဒေသခံ ကယ်ဆယ်ရေးအဖွဲ့တွေ ပြောပါတယ္။
“မနက် ၇ နာရီလောက်မှာ နွံကန်ပေါက်ပြီး မြေစာပုံပြိုကျသွားတယ်။ ရေမဆေးကျောက်ရှာနေတဲ့သူတွေရှိနေတုန်း နွံကန်ပြိုပြီး ရေတိုက်စားသွားတဲ့အတွက် ရေမဆေးသမားတွေ ရေထဲမျောပါသေဆုံးကုန်တယ်။ ခုလောလောဆယ်တော့ ရုပ်အလောင်း နှစ်လောင်းနဲ့ ဒဏ်ရာရသူ သုံးဦးကို ဆေးရုံပို့ထားတယ်" လို့ ဒေသခံ ကယ်ဆယ်ရေး အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ဖားကန့်မြို့နယ်မှာ မြေစာပုံပြိုကျတာတွေ နွံကန်ပေါက်တာတွေ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၂ ရက်နေ့ကလည်း မှော်စီစာက လုပ်ကွက်ဟောင်းတစ်ခု မြေစာပုံပြိုကျခဲ့တာကြောင့် ရေမဆေးကျောက်ရှာဖွေသူ ၁၀၀ ကျော် မြေစာပုံပိပြီး သေဆုံးခဲ့ပါသေးတယ်။