close

မြေနီကုန်းတံတား

close

February 9, 2023

ရန်ကုန်တွင် ပြည်ထောင်စုနေ့အတွက် စစ်ကောင်စီ ပြင်ဆင်၊ မြေနီကုန်းတံတားပိတ်ထားသဖြင့် ယာဉ်ကြောပိတ်ဆို့

ရန်ကုန်မြို့မှာ ပြည်ထောင်စုနေ့ ကျင်းပဖို့အတွက် စစ်ကောင်စီက ပြင်ဆင်တဲ့အနေနဲ့ မြေနီကုန်းတံတား ဖြတ်သန်းခွင့်ပိတ်ခဲ့တာကြောင့် ယာဉ်ကြောပိတ်ဆို့မှုတွေ ဆိုးဝါးစွာ ဖြစ်ပေါ်နေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ လာမယ့် ၁၂ ရက်နေ့မှာ ကျရောက်မယ့် ပြည်ထောင်စုနေ့ အခမ်းအနားကို ပြည်လမ်း၊ ပြည်သူ့ဥယျာဉ်မှာ ကျင်းပဖို့ စီစဉ်နေပြီး ပြည်လမ်းတလျှောက်မှာ တိုင်းရင်းသားအလံတွေကိုလည်း စိုက်ထူထားတယ်လို့ သိရပါတယ်။

ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပမှာဖြစ်တဲ့အတွက် ပြည်လမ်း၊ မြေနီကုန်းတံတားကိုလည်း ပိတ်ထားUM တခြား သတ်မှတ်ပေးထားတဲ့ နေရာတွေက မောင်းနှင်ဖို့ ကြေညာထားပါတယ်။

ပြည်ထောင်စုနေ့ဟာ ၁၂ ရက်နေ့မှာ ကျရောက်မှာဖြစ်ပေမဲ့ မြေနီကုန်းတံတားကိုတော့ သတ်မှတ်မတိုင်မီ ဒီနေ့ ၉ ရက်နေ့ကတည်းက ဖြတ်သန်းခွင့်ပိတ်ခဲ့တာကြောင့် ယာဉ်ကြောပိတ်ဆို့မှုတွေ ဆိုးဆိုးရွာရွား ဖြစ်ပေါ်ခဲ့တာပါ။

စစ်ကောင်စီဟာ လွတ်လပ်ရေးနေ့ မတိုင်ခင်ကလည်း တိုင်းဒေသကြီး ပြည်နယ်ကိုယ်စားပြု အလံတွေကို စိုက်ထူခဲ့ပါသေးတယ်။

12 hours Ago

July 12, 2022

မြေနီကုန်းတံတားအောက်နှင့် လှိုင်သာယာတွင် ဗုံးကွဲ

ရန်ကုန်၊ စမ်းချောင်းမြို့နယ်၊ မြေနီကုန်းခုံးကျော်တံတားအောက်မှာ ဇူလိုင် ၁၂ ရက် ဒီနေ့ ညနေပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့်  အမျိုးသားနှစ်ယောက်နဲ့ အမျိုးသမီးတယောက် ဒဏ်ရာရပြီး ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်လိုက်ရတယ်လို့ လူမူကူညီရေးအဖွဲ့တွေက ပြောပါတယ်။

ဗုံးပေါက်ကွဲရာနေရာအနီး ရောက်ရှိခဲ့သူတဦးက “မြေနီကုန်းတံတားအောက်မှာ ဗုံးပေါက်တာ။ ၃ နာရီကျော်လောက်က ပေါက်တာ။ နှစ်ဦးတော့ ထိတယ်။ အမျိုးသား အမျိုးသမီးမသဲကွဲလိုက်ဘူး။ ကားပေါ်တင်တာပဲ တွေ့လိုက်တော့ ဘယ်သူမှန်း မသိလိုက်ရဘူး”လို့ ပြောပါတယ်။

လက်ရှိမှာ ဗုံးပေါက်တဲ့နေရာတဝိုက်ကို  စစ်ကောင်စီတပ်တွေ ရောက်ရှိစစ်ဆေးနေပြီး ကားတွေနဲ့ အဲဒီအနီးတဝိုက် လိုက်ပတ်မောင်းနေတာရှိတယ်လို့လည်း သိရပါတယ်။

အဲဒီအနီးဝန်းကျင်မှာနေထိုင်သူတစ်ဦးက “လမ်းတွေလည်း ပိတ်စစ်နေတယ်။ စစ်ကားတွေလည်း တောက်လျှောက်ပတ်နေတယ်။ ဗုံးက တော်တော်ပြင်းတယ်”လို့ ပြောပါတယ်။

ဒီနေ့ဟာ ဝါဆိုလပြည့်နေ့ဖြစ်တာကြောင့် မြေနီကုန်းလမ်းဆုံမှာ ရွှေတိဂုံဘုရားသွားတဲ့ ဘုရားဖူးတွေ များပြားနေချိန် ဖြစ်ပါတယ်။ အဲဒီပေါက်ကွဲမှုကို  ဘယ်အဖွဲ့လုပ်တယ်ဆိုတာတော့ မထုတ်ပြန်ထားပါဘူး။

လှိုင်သာယာမြို့နယ် (၅) ထိပ်ပန်းခြံနဲ့ ပီမိုးနင်းလမ်းအနီးမှာလည်း ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အမျိုးသားနှစ်ယောက် ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်းဒေသခံတွေဆီက သိရပါတယ်။

ပီမိုးနင်း လမ်းမှာနေထိုင်သူတစ်ဦးက “နေ့လယ် ၂ နာရီလောက်က ဗုံးပေါက်တာ။ အမျိုးသား နှစ်ဦး လဲနေတာ တွေ့တယ်။ စစ်သားတွေကော ရဲတွေကော အဲဒီနေရာမှာ စစ်ဆေးနေတယ်”လို့ ပြောပါတယ်။

ဗုံးပေါက်ကွဲလို့ ဒဏ်ရာရခဲ့တဲ့သူတွေဟာ မည်သူမည်ဝါဖြစ်တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။ ဗုံးပေါက်ကွဲအပြီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မော်တော်ယာဉ်တွေကို ပိတ်ဆို့ စစ်ဆေးရှာဖွေ နေပါတယ်။

ဒီနေ့ နေ့လယ်က တာမွေမြို့နယ်၊ အောင်မင်္ဂလာလမ်းနဲ့ ဗညားဒလလမ်းဆုံမှာ ဗုံးတစ်လုံးတွေ့ရှိလို့ စစ်တပ်က ဖောက်ခွဲရှင်းလင်းခဲ့ပါတယ်။

ဇူလိုင် ၁၁ရက် မနေ့ညပိုင်းကလည်း မရမ်းကုန်းမြို့နယ် ၉ မိုင် Ocean စင်တာအနီးက ယာဉ်ထိန်းရဲကင်း ဗုံးပေါက်ကွဲခဲ့တဲ့အပြင် အရှေ့ဒဂုံမြို့နယ်၊ တောင်ဒဂုံမြို့နယ်၊ မြောက်ဒဂုံမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်နဲ့ အင်းစိန်မြို့နယ်တွေမှာပါ ဗုံးပါက်ကွဲမှုတွေ ဆက်တိုက် ဖြစ်ပွားခဲ့ပါတယ်။

7 months Ago
Up