close

မြေနီကုန်း

close

July 29, 2021

မြေနီကုန်းတွင် ငွေကျပ် ၅၀ ကျပ်ဖြင့် အခြေခံစားသောက်ကုန် ရောင်းချပေး

ရန်ကုန်မြို့၊ မြေနီကုန်း မဟာမြိုင်မှတ်တိုင်အနီးရှိ flannel box အဝတ်အထည်ဆိုင်မှာ ဇူလိုင် ၂၉ ရက်က အခြေခံစားသောက်ကုန် ဆန်၊ ကြက်ဥ ၊ ခေါက်ဆွဲခြောက်နဲ့ ကြက်သွန်နီတို့ကို ကြိုက်တာ တမျိုးယူ မြန်မာငွေ ၅၀ ကျပ်ဈေးနဲ့ လူ အယောက် ၄၀၀စာ ရောင်းချပေးခဲ့ပါတယ်။

စတင်ရောင်းချတဲ့ နေ့လယ်တစ်နာရီလောက်ကတည်းက   လူဦးရေ တထောင်လောက် လာရောက်စောင့်ဆိုင်းနေခဲ့ကြပြီး ဒလနဲ့ သန်လျင်တို့ကဲ့သို့ ဝေးလံတဲ့ နေရာက ပြည်သူတွေလည်း လာရောက်တန်းစီဝယ်ယူခဲ့ကြပါတယ်။

Photo- MPA

9 mins Ago

April 10, 2021

မြေနီကုန်း(မြောက်)ရပ်ကွက်ရုံး မီးလောင်

ဒီနေ့ မနက် ၂ နာရီလောက်က မြေနီကုန်း(မြောက်)ရပ်ကွက်ရုံး မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

 မီးငြိမ်းသက်ဖို့လာတဲ့ ရပ်ကွက်နေပြည်သူတွေကို အကြမ်းဖက်စစ်အာဏာရှင်တွေက အိမ်ထဲမှာနေပြီး အပြင်မထွက်ဖို့ ပြောတဲ့အတွက် မီးငြိမ်းသက်ဖို့ ခက်ခဲပြီး ရပ်ကွက်ရုံးတစ်ခုလုံး လောင်ကျွမ်းခံလိုက်ရတယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။

4 months Ago
Up