တနင်္သာရီတိုင်း၊ထားဝယ်မြို့နယ်၊ ပုလုကုန်းရွာ၊ အထပ်သားစက်ရုံဝင်းမှာ ဧပြီ ၂၅ ရက် မနက်ပိုင်းက ရေတွင်းဟောင်းတခုကို ပြန်တူးရာက မြေသားပြိုကျပြီး အမျိုးသားတဦး သေဆုံးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေး သွားရောက်လုပ်ဆောင်ခဲ့တဲ့ ထားဝယ်မြို့နယ် မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။
သေဆုံးသူ အမျိုးသားဟာ အသက် ၃၃ နှစ်အရွယ်ရှိ ဦးအောင်မျိုးသူဖြစ်ပြီး သူ့ရဲ့ ရုပ်အလောင်းကိုတော့ ဇမ္ဗူသီရိ လူမှုကူညီကယ်ဆယ်ရေးအသင်းရဲ့ကားနဲ့ ထားဝယ်ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။
မီးသတ်တပ်ဖွဲ့ဝင်တဦးက “၉ နာရီခွဲလောက် သတင်းရပြီး ကယ်ဆယ်ရေးသွားကြတယ်။ မြေသားပြိုကျနေတော့ ရိုးရိုးပြန်ဆယ်လို့မရဘူး၊ မြေတူးစက်နဲ့ တွင်းကိုချဲ့တူးပြီးမှ ကယ်ရတယ်။ ပေ ၂၀ ကျော်ကျော်လောက်တူးပြီး နေ့လယ် ၂ နာရီထိုးခါနီးလောက်မှ အလောင်းပြန်ရတယ်” လို့ ပြောပါတယ်။
ထားဝယ်ခရိုင်အတွင်းရှိ ကျေးရွာတွေမှာ နွေရာသီရောက်တိုင်း ရေတွင်းတွေ ခန်းခြောက်လေ့ရှိတဲ့အတွက် ပြန်လည်တူးဖော်ရလေ့ရှိပြီး အခုနှစ်မှာ အပူရှိန် မြှင့်တက်မှုကြောင့် ရေတွင်းရေကန် ခန်းခြောက်မှုတွေ ပိုဖြစ်နေတယ်လို့ ရေရှားတဲ့ အခက်အခဲ ကြုံနေရတဲ့ ဒေသခံတွေက ဆိုပါတယ်။
ဧပြီ ၂၅ ရက် ညနေပိုင်းမှာတော့ ထားဝယ်မြို့ အပါအဝင် ထားဝယ်ခရိုင်အတွင်းရှိ ကျေးရွာအတော်များများမှာ မိုးစတင်ရွာသွန်းနေပြီလို့ သိရပါတယ်။
ဇီးရိုးဖိုက်
ဓာတ်ပုံ - တနင်္သာရီတိုင်း မီးသတ်ဦးစီးဌာန
မြန်မာနယ်စပ်နဲ့ကပ်နေတဲ့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ထင်ခရိုင်၊ မိုဒါရာကျေးရွာ အနီးက ကျောက်ထုတ်လုပ်ရေးလုပ်ကွက်တခုမှာ နိုဝင်ဘာလ ၁၄ ရက် ညနေပိုင်းက မြေပြိုကျပြီး သေဆုံးသူ ၈ ဦးထိရှိကာ ၄ ဦးက ပျောက်ဆုံးနေဆဲလို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြပါတယ်။
အဲဒီလုပ်ကွက်ဟာ ABCI Infrastructure ကုမ္ပဏီရဲ့ ကျောက်ထုတ်လုပ်နေတဲ့ လုပ်ကွက်တစ်ခုဖြစ်ပြီး မြေပြိုကျမှုဖြစ်ပွားခဲ့လို့ လုပ်သား ၁၂ ဦးနဲ့ စက်ကိရိယာတွေ မြေအောက်ပိမိခဲ့ပြီး အခုလို သေဆုံးခဲ့ကြတာလည်း ဖြစ်ပါတယ်။
နိုဝင်ဘာ ၁၅ ရက် အထိ အလောင်း ၈ လောင်းပြန်လည်ဆယ်ယူနိုင်ခဲ့ပြီး ၄ လောင်းကတော့ ပျောက်ဆုံးနေဆဲဖြစ်ကာ တာဝန်ရှိသူတွေက ကယ်ဆယ်ရေးတွေ ဆက်လက်ဆောင်ရွက်နေတယ်လို့ Mizo Special Report သတင်းမှာဖော်ပြပါတယ်။
သေဆုံးခဲ့တဲ့သူတွေဟာ အဲဒီလုပ်ကွက်မှာ နေ့စား အလုပ်လုပ်ကိုင်သူတွေဖြစ်ပြီး အာသံပြည်နယ်ဘက်က အိန္ဒိယ နိုင်ငံသားတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။