close

မြေအောက်

close

May 14, 2022

ဘာကီနာဖာဆိုတွင် မြေအောက်ထဲ ၂၆ ရက်ကြာ ပိတ်မိသူများကို ဆက်လက်ရှာဖွေ

ဘာကီနာဖာဆိုနိုင်ငံက သတ္ထုတွင်း မြေအောက်ထဲမှာ ၂၆ ရက်ကြာ ပိတ်မိနေတဲ့ ပျောက်ဆုံးသူ တွေကို ဆက်ရှာနေချိန်မှာ မိသားစုတွေက မေ ၁၂ ရက်မှာ စောင့်နေကြပါတယ်။ 

ကနေဒါအခြေစိုက် ထရီဗာလီ သတ္ထုကော်ပိုရေးရှင်းရဲ့ သတ္ထုတွင်းထဲမှာ ဧပြီ ၁၆ ရက်က ရေကြီးလို့ မြေအောက် အနက် ပေ ၁၆၄၀ ကျော်မှာ ပိတ်မိနေသူတွေနဲ့ ခုချိန်ထိ အဆက်အသွယ် မရသေးပါဘူး။

ပိတ်မိသူတွေဟာ ရေနဲ့ စားစရာတွေ သိုလှောင်ထားတဲ့ ကယ်ဆယ်ရေးခန်းထဲကို ရောက်သွားတာဖြစ်နိုင်တယ်လို့ သတ္တုကုမ္ပဏီက ပြောပါတယ်။ 

စိတ်ပူနေတဲ့ မိသားစုဝင်တွေဟာ အချင်းချင်း စိတ်ပိုင်းဆိုင်ရာ ဖေးမပေးဖို့နဲ့ သတင်းသိရဖို့ သတ္ထုတွင်းမှာ နေ့တိုင်း တွေ့ဆုံနေကြပါတယ်။

11 mins Ago

January 24, 2021

မြေအောက် ၁၄ ရက်ကြာ ပိတ်မိနေသည့် တရုတ်ရွှေသတ္ထုတွင်း လုပ်သားများထဲက ၁ ဦးကို ကယ်ထုတ်

တရုတ်နိုင်ငံ မြောက်ပိုင်းက ရွှေသတ္ထုတွင်းထဲမှာ ပေါက်ကွဲမှုဖြစ်အပြီး မြေအောက်ထဲမှာ ၁၄ ရက်ကြာ ပိတ်မိနေတေဲ့ တွင်းသားတွေထဲက ပထမဆုံး တယောက်ကို ဇန်နဝါရီ ၂၄ ရက်မှာ ကယ်ထုတ်နိုင်ခဲ့ပါတယ်။ “သူ့ကို မနက်ပိုင်းမှာ ကယ်ထုတ်အပြီး ဆေးရုံကို အမြန်တင်ပို့ခဲ့ရပါတယ်။ တွင်းသားဟာ အင်မတန် အားနည်းနေတယ်” လို့ တရုတ်အစိုးရ ရုပ်သံ စီစီတီဗီရဲ့ ဝေဘို မိုက်ခရို ဘလော့ အင်တာနက် စာမျက်နှာက ဆိုပါတယ်။ တရုတ်နိုင်ငံ အရှေ့ဘက် ကမ်းရိုးတန်းက ရှန်တုံးပြည်နယ် ယန်ထိုက်စီရင်စု ချီရှားဒေသက ဟူရှန်းသတ္ထုတွင်းထဲမှာ ဇန်နဝါရီ ဆယ်ရက်က ပေါက်ကွဲခဲ့တာကြောင့် တွင်းသား ၂၂ ယောက် မြေအောက်ထဲမှာ ပိတ်မ်နေခဲ့တာပါ။ တွင်းသား ၁ ယောက် ဦးခေါင်းဒဏ်ရာနဲ့ သေဆုံးပြီး ၁၁ ယောက်နဲ့ ကယ်ဆယ်ရေး သမားတွေ အဆက်အသွယ်မရသေးဘူးလို့ ဆင်ဟွာ သတင်းမှာ ဖော်ပြထားပါတယ်။  ကယ်ဆယ်ခံရတဲ့ တွင်းသားဟာ စားနပ်ရိက္ခာ အထောက်အပံ့ရတဲ့ တွင်းသား ဆယ်ယောက် အုပ်စုရှိတဲ့နေရာမှာ မဟုတ်ဘဲ သီးခြားနေရာမှာ ရောက်နေခဲ့ပြီး သူ့ကို အရင် ကယ်ထုတ်နိုင်ခဲ့တာပါ။ တွင်းသား ဆယ်ယောက် ရှိတဲ့နေရာဆီ ရောက်ဖို့ တွင်းတူးစင် မဖောက်ခင် ဆိုးဆိုးရွားရွား ပိတ်ဆို့နေတဲ့ အတားအဆီးတွေကိုဖယ်ဖို့ အချိန် ၂ ပတ် ကြာနိုင်တယ်လို့ အရာရှိတွေက ဇန်နဝါရီ ၂၁ ရက်မှာ ပြောထားပါတယ်။
1 year Ago
Up