close

မြောက်ကိုရီယား

close

October 9, 2022

ပဲ့ထိန်းဒုံးကျည် ၂ စင်း မြောက်ကိုရီယား ပစ်လွှတ်

မြောက်ကိုရီးယားအစိုးရဟာ အောက်တိုဘာ ၉ ရက် အစောပိုင်းမှာ ပဲ့ထိန်းဒုံးကျည်နှစ်စင်း ပစ်လွှတ်ခဲ့တယ်လို့ ဂျပန်အာဏာပိုင်တွေကပြောတဲ့အကြောင်း နိုင်ငံပိုင်ရုပ်သံလိုင်း NHK က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒီတကြိမ်ဟာ စက်တင်ဘာ ၂၅ ရက်ကတည်းက မြောက်ကိုရီးယားရဲ့ သတ္တမမြောက် ပစ်လွှတ်မှု ဖြစ်ပြီး ဂျပန်နဲ့ အမေရိကန် အစိုးရတို့ရဲ့ စိုးရိမ်မှုတွေ ပိုတိုးလာစေပါတယ်။

ဒုံးကျည်တွေဟာ ဂျပန်နိုင်ငံရဲ့ သီးသန့်စီးပွားရေးဇုန်အပြင်ဘက်သို့ ဆင်းသက်လာပုံရတယ်လို့ ဂျပန် ပြည်သူပိုင်ရုပ်သံ NHK က ဖော်ပြပါတယ်။

နောက်ထပ် အချက်အလက်တွေ ချက်ချင်း မရသေးပေမဲ့ ဒုတိယမြောက် ဒုံးကျည် တစ်စင်း ပစ်ခတ်ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန သတင်းရင်းမြစ်တွေကို ကိုးကားပြီး NHK က နောက်ပိုင်းမှာ ပြောပါတယ်။

မြောက်ကိုရီးယားက အရှေ့ဘက်ကမ်းရိုးတန်းဆီကို အမျိုးအစား အတိအကျမသတ်မှတ်ထားတဲ့ ပဲ့ထိန်းဒုံးကျည်တစ်စင်း ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယားရဲ့ ပူးတွဲစစ်ဦးစီးချုပ်တွေကို ကိုးကားပြီး တောင်ကိုရီးယား  Yonhap သတင်းအေဂျင်စီက ဖော်ပြပါတယ်။ 

3 hours Ago

August 18, 2022

မြောက်ကိုရီယားက ခရုဇ်ဒုံးကျည် ၂ စင်း ပစ်လွှတ်

မြောက်ကိုရီးယားဟာ ဩဂုတ် ၁၇ ရက် မနက်ပိုင်းမှာ အနောက်ဘက်ကမ်းလွန်ပင်လယ်ဆီကို ခရုဇ်ဒုံးကျည် နှစ်စင်း ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်တွေကို ကိုးကားပြီး တောင်ကိုရီးယားအခြေစိုက် ယုံဟပ်သတင်းမှာ ဖော်ပြပါတယ်။ 

ဩဂုတ် ၂၂ ရက်ကနေ စက်တင်ဘာ ၁ ရက်အထိ ကျင်းပမယ့် Freedom Shield စစ်ရေးလေ့ကျင့်မှုအတွက် တောင်ကိုရီးယားနဲ့ အမေရိကန်တို့ ပြင်ဆင်နေချိန်မှာ မြောက်ကိုရီးယားက ဒုံးကျည် ပစ်လွှတ်ခဲ့တာပါ။

ဒီစစ်ရေးလေ့ကျင့်မှုဟာ ကျူးကျော်မှုအတွက် အစမ်းလေ့ကျင့်မှုလို့ မြောက်ကိုရီးယားက စွပ်စွဲထားပါတယ်။

2 months Ago
Up