close

မြောက်ဒဂုံမြို့နယ် EPC ရုံး

close

November 26, 2022

မြောက်ဒဂုံမြို့နယ် EPC ရုံးအဝင် စစ်တပ်လုံခြုံရေးဂိတ် ဗုံးခွဲတိုက်ခိုက်ခံရ

ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ် ၃၇ ရပ်ကွက်  ပြည်ထောင်စုလမ်းမကြီးပေါ်က မြို့နယ်လျှပ်စစ်ရုံးရဲ့ အဝင်ဂိတ် နိုဝင်ဘာလ ၂၅ ရက် ညက ဗုံးခွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မနေ့ည ၇ နာရီခွဲက မြောက်ဒဂုံမြို့နယ် EPC ရုံးရဲ့ အဝင်ဂိတ်နဲ့ ရုံးအတွင်းပိုင်းမှာ ဗုံးပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ခဲ့တယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။

"ဗုံးပေါက်တာက စစ်တပ်စောင့်နေတဲ့ အဝင်ဂိတ်နားမှာ ပေါက်တာ၊  ၅ မိနစ်စီပဲခြားတယ်၊ ထိခိုက်မှုရှိတယ်၊ သေတဲ့သူတော့ မရှိဘူး၊ တဦးဒဏ်ရာရတယ်။" 

ဗုံးပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်တွေဟာ ပြည်ထောင်စုလမ်းမပေါ်ရှိ ဆိုင်ကယ်နဲ့သွားလာသူတွေကို စစ်ဆေးခဲ့တယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။

အဆိုပါဗုံးခွဲတိုက်ခိုက်မှုကို Human Rights Defenders နဲ့ မဟာမိတ်ညီနောင်များက အဝေးထိန်းမိုင်းနှစ်လုံးနဲ့ ဖောက်ခွဲခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

ရန်ကုန်က မြို့နယ်အချို့မှာ နိုဝင်ဘာ ၁ ရက်မှ နိုဝင်ဘာ ၂၅ ရက်အတွင်း ဗုံးပေါက်ကွဲမှု့နဲ့ပစ်ခတ်မှု ၁၁ ကြိမ်ဖြစ်ခဲ့ပြီး ၈ ဦးသေဆုံး၊ ၇ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

48 mins Ago
Up