close

မြောက်ပိုင်းစွန်း

close

April 4, 2023

နေ့အပူချိန်တဖြည်းဖြည်းမြင့်တက်နိုင်၊ နိုင်ငံတောင်ပိုင်းစွန်းနှင့်မြောက်ပိုင်းစွန်းတို့တွင် ချိန်ခါမဟုတ် မိုးထစ်ချုန်းရွာနိုင်

မြန်မာတပြည်လုံးမှာ နေ့အပူချိန်တွေ တဖြည်းဖြည်းမြင့်တက် လာနိုင်ကြောင်းနဲ့ နိုင်ငံတောင်ပိုင်းစွန်းနဲ့ မြောက်ပိုင်းစွန်းတို့မှာ ချိန်ခါမဟုတ် ပျံကျမိုးတွေ ထစ်ချုန်းရွာလာနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ခန့်မှန်းထုတ်ပြန်ထားပါတယ်။

ဧပြီ ၃ ရက်မှ ၉ ရက်အထိ ရက်သတ္တပတ် မိုးလေဝသခန့်မှန်းချက် ထုတ်ပြန်ထားတာဖြစ်ပြီး အခုတပတ်အတွင်းထူးခြားချက်ကတော့ မြန်မာနိုင်ငံအပါအဝင် အာရှတိုက်ဟာ မြောက်ကမ္ဘာခြမ်း နွေဦးရာသီဆီ ကူးပြောင်းရောက်ရှိလာတဲ့ ရက်သတ္တပတ်ဖြစ်ပြီး အပူချိန်အပေါ်မူတည်ကာ လေဖိအားစနစ်ပြောင်းလဲလာမှုနဲ့အတူ ဆောင်းလက်ကျန် မြောက်လေအေးတချိုဟာ မြောက်-တောင် အတိုးအဆုတ်ပြု ပြီးတော့ မုတ်သုံလေဦးကို စောင့်ဆိုင်းနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာ အပူချိန်မြင့်တက်လာမှုကြောင့် လေဖိအားလျော့ကျမှု ဖြစ်ပေါ်လာပြီး အဆိုပါလေဖိအားလျော့နည်းရပ်ဝန်းက  တောင်-မြောက်တိုက်လေ အပြောင်းအလဲကို လျင်မြန်စေပြီး ရေငွေ့တွေ၀င်ရောက်လာမှုကြောင့် ချိန်ခါမဟုတ် မိုးများထစ်ချုန်းရွာစေနိုင်တယ်လို့ သတိပေးထားပါတယ်။

ဧပြီ ၄ ရက်မှာတော့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာ နေ့အပူချိန်တွေ မြင့်တက်လာနိုင်ပြီး မိုးအခြေအနေမှာတော့ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ ချိန်ခါမဟုတ် နေရာကွက်ကျား မိုးထစ်ချုန်း ရွာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

13 mins Ago

January 19, 2020

တရုတ် မြောက်ပိုင်းစွန်းတွင် ညအချိန် ရေခဲနှင့် နှင်းကြည့် ခရီးသွားအစီအစဉ် စတင်ဖွင့်လှစ်

တရုတ်နိုင်ငံ မြောက်ပိုင်းစွန်းက ဟေလုံကျန်းပြည်နယ်မှာ ဒေသတွင်း ညပိုင်း စီးပွားရေးကို မြှင့်တင်ဖို့ ညအချိန် ရေခဲနဲ့ နှင်းကြည့် ခရီးသွားအစီအစဉ်ကို စတင်လိုက်ပါတယ်။ စတုရန်းမီတာ ၆ သိန်း ကျယ်ဝန်းတဲ့ ဟာဘင်း ရေခဲကမ္ဘာ၊ နှင်းကမ္ဘာဥယျာဉ်မှာတော့ ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်တွေ အကြိုက်တွေ့စေမယ့် ဆွဲဆောင်အားကောင်းတဲ့ ခရီးသွားအစီအစဉ်တွေ အတော်များများကို ထည့်သွင်းထားပါတယ်။  အဲဒီထဲမှာ ပွဲတော်ဆိုင်ရာ အထိမ်းအမှတ်လက္ခဏာတွေဖြစ်တဲ့ တရုတ်ရိုးရာ ရာသီခွင် ၁၂ ခုကို ထုလုပ်ထားတဲ့ ရေခဲပန်းပုတွေ၊ ကံကောင်းခြင်း၊ ပျော်ရွှင်ခြင်း မီးပုံးတွေ၊ ရေခဲပြင်ပေါ်က အကအခုန်တွေ ထည့်သွင်းဖန်တီးထားပါတယ်။  ရေခဲကမ္ဘာ၊ နှင်းကမ္ဘာဥယျာဉ်ဟာ နောက်ခံ နှင်းထုမြင်ကွင်းမှာ မီးလုံးမီးကြိုးတွေ သွယ်တန်းဆင်ယင်ပြီး မီးအလှအမျိုးပေါင်း ၂၀ နဲ့ အလှဆင် ဖန်တီးထားတဲ့ မီးထွန်းပွဲတော်ကို ပထမဆုံးအကြိမ် စီစဉ်ဖန်တီးထားတာပါ။ တရုတ်နိုင်ငံအရှေ့ပိုင်း ရှန်ဟိုင်း မြူနီစီပါယ်ဒေသကနေ လာရောက်လည်ပတ်တဲ့ အိုက်မီက ရေခဲပြင်ပေါ်မှာ သွေးပူလေ့ကျင့်ခန်းအနေနဲ့ အတူကခုန်ရတာ အရမ်းပျော်ပြီး အရမ်းလည်း စိတ်လှုပ်ရှားမိတယ်လို့ ပြောပါတယ်။  မော်ရိုကိုနိုင်ငံက ဆမ်မီကလည်း ဒီထဲက အစီအစဉ်တွေကို လန့်နေမိပြီး အရမ်းအေးမယ်လို့ ထင်ထားခဲ့ပေမယ့် ဒီအစီအစဉ်ထဲ ပါဝင်လှုပ်ရှားပြီးတဲ့အခါမှာတော့ လုံးဝ မချမ်းတော့ဘူးလို့ ဆိုပါတယ်။ “ဒီနှစ် မီးထွန်းပွဲတော်မှာ အများကြီး တိုးတက်အောင် လုပ်ထားပါတယ်။ အရင်နှစ်တွေကထက် ၃၀ ရာခိုင်နှုန်းလောက်ကို တိုးပြီး ထည့်သွင်းတိုးချဲ့ လုပ်ဆောင်ထားတယ်” လို့ ရေခဲကမ္ဘာ၊ နှင်းကမ္ဘာရဲ့ ဒီဇိုင်းနဲ့ ဖွံ့ဖြိုးတိုးတက်မှုဌာနက ဌာနမှူး ယန်ကျီက ပြောပါတယ်။ ဟေလုံကျန်းပြည်နယ်ကို လာရောက်လည်ပတ်တဲ့ နိုင်ငံခြားခရီးသွား အရေအတွက်ကလည်း တိုးသထက် တိုးလာနေပါတယ်။ လတ်တလော ကြိုတင်စာရင်းပေးထားတွေအရ တရုတ်နှစ်သစ်ကူး ကာလအတွင်းမှာပဲ ပြည်နယ်တခုလုံးရဲ့ နိုင်ငံခြားခရီးသွား အရေအတွက်ဟာ ၃၀ ရာခိုင်နှုန်းလောက်ထိ များပြားလာ ဖို့ရှိတယ်လို့ ပြနေပါတယ်။
3 years Ago
Up