close

မြောက်ပိုင်းနှင့် အရှေ့ပိုင်း

close

August 22, 2022

အိန္ဒိယမြောက်ပိုင်းနှင့် အရှေ့ပိုင်းဒေသတွင် ရေဘေးသင့်

အိန္ဒိယနိုင်ငံ မြောက်ပိုင်းနဲ့ အရှေ့ပိုင်းဒေသတွေမှာ ဒီရက်ပိုင်း မိုးသည်းထန်ခဲ့ပြီးနောက် ဩဂုတ် ၂၁ ရက်မှာ ဒေသခံတွေဟာ ရေဘေးနဲ့ကြုံနေရပါတယ်။ 

အဆက်မပြတ် ရွာသွန်းထားတဲ့ မိုးရေတွေ ယမုံနာမြစ်ထဲကို စီးဝင်ရောက်သွားပြီးနောက် ဥထရာပရာဒေ့ရှ်ပြည်နယ်ထဲက ပရာယာဂရတ်ဂျ်မြို့ရဲ့ လူနေရပ်ကွက်တွေထဲအထိ ရေတွေ ဝင်နေတာကို တွေ့ရပါတယ်။ 

မိုးလေဝသဌာနကတော့ မဟာပရာဒေ့ရှ်ပြည်နယ်ထဲမှာ နောက်ထပ် ၂ ရက်လောက် မိုးကြီးနိုင်သေး တယ်လို့ ခန့်မှန်းထားပါတယ်။ 

ကျန်ခဲ့တဲ့ ၃ ရက်အတွင်း အိန္ဒိယ အရှေ့ပိုင်းနဲ့ မြောက်ပိုင်းမှာ မုတ်သုန်မိုးအားကောင်းပြီး ရေကြီးမှု တွေအတွင်း လူ ၅၀ ထက် မနည်းသေဆုံးသွားခဲ့ရတယ်လို့ အာဏာပိုင်တွေကပြောပါတယ်။ 

1 min Ago
Up