ရခိုင်ပြည်နယ်၊ မြောက်ဦးရှေးဟောင်းဒေသကို ကမ္ဘာ့အမွေအနှစ် ယူနက်စကို ဝင်ဖို့အတွက် အဆိုပါဒေသမှာရှိတဲ့ ချောင်းတွေကို ရေစီးရေလာကောင်းအောင် အရင်ဆုံးပြုပြင်သင့်တယ်လို့ အီတလီနိုင်ငံသား ရေအရင်းမြစ် ပညာရှင် ပါမောက္ခ Massimo Sarti က ပြောကြားလိုက်ပါတယ်။
အဲဒီလို မပြုပြင်ပဲထားမယ်ဆိုရင် ယူနက်စကိုရဲ့ ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် စာရင်းဝင်ဖို့ အခက်အခဲ ရှိနိုင်တယ်လို့လည်းပြောပါတယ်။
အီတလီနိုင်ငံသား ရေအရင်းမြစ်ပညာရှင် ပါမောက္ခ Massimo Sarti ဟာ ဖေဖော်ဝါရီ ၉ ရက်မှ ၁၅ ရက်အထိ မြောက်ဦးဒေသကို သွားရောက်လေ့လာပြီးနောက် အခုလို ပြောဆိုခဲ့တာပါ။
မြောက်ဦးဒေသ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရေးနဲ့ ပတ်သက်လို့ အီတလီနိုင်ငံသား ရေအရင်းမြစ်ပညာရှင် ပါမောက္ခ Massimo Sarti ကို မြောက်ဦးခရိုင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာက ငှားရမ်းပြီး လေ့လာစေခဲ့တာ ဖြစ်ပါတယ်။
အဲဒီလိုလေ့လာပြီးတဲ့နောက် သူတွေ့ရှိချက် အချက် ၃ ချက်ကို ရှေးဟောင်းသုတေသနနဲ့ ယူနက်စကို ဝင်ရေးအတွက် ကြိုးစားနေတဲ့အဖွဲ့တွေကို အစီရင်စာတင်ခဲ့တယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။
မြောက်ဦးဒေသမှာ လက်ရှိ ချောင်းမြောင်းတွေ ပိတ်ဆို့မှုတွေဖြစ်ပေါ်နေတာရှိပြီး မပြုပြင်ပဲ ထားမယ်ဆိုရင် နောက်နှစ်အနည်းငယ် အတွင်းမှာ မြောက်ဦးဒေသဟာ ရေကြီးနိုင်တဲ့ အန္တရာယ်ဖြစ်ပေါ်လာနိုင်တာကြောင့် အဲဒီကိစ္စရပ်နဲ့ပတ်သက်လို့ ယူနက်စကိုက တာဝန်ရှိသူတွေ လာရောက်စစ်ဆေးတဲ့အခါ ဘယ်လို ဆုံးဖြတ်သွားမယ်ဆိုတာ မပြောနိုင်ဘူးလို့ မြောက်ဉီးရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်ခင်သန်းကလည်း ပြောပါတယ်။
မြောက်ဦးရှေးဟောင်းနယ်မြေမှာ လက်ရှိအချိန်မှာတော့ ရှေးဟောင်းနယ်မြေ တောင်တွေကို တူးဖော်ကြတာတွေကို ဟန့်တားထားပြီး ချောင်းတွေကို ပိတ်ဆို့ကာ အိမ်ဆောက်လုပ်တာတွေကိုလည်း ပြည်နယ် ရှေးသုအနေနဲ့ ခွင့်မပြုထားသလို ယူနက်စကိုဝင်နိုင်ရေးလည်း ဒေသခံပြည်သူတွေပါ ပူးပေါင်းပါဝင်ဆောက်ရွက်မှ ရနိုင်မယ်လို့ ရခိုင်ပြည်နယ် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ဒုတိယညွန်ကြားရေးမှူး ဉီးဆန်းဝင်းက ပြောပါတယ်။
မြောက်ဦးရှေးဟောင်းဒေသကို ၂၀၂၁ ခုနှစ် စက်တင်ဘာလမှာ အဆိုပြုလွှာ မူကြမ်းတင်ခဲ့ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ အဆိုပြုလွှာ မူချောတင်သွင်းခဲ့ပါတယ်။
မြောက်ဦးရှေးဟောင်းဒေသကို ယူနက်စကိုဒေသအဖြစ် ဝင်ရောက်နိုင်ဖို့ အဓိက ချဉ်းကပ်ခဲ့ တာဟာ ကျောက်သားခံတပ်မြို့တော်အဖြစ်နာမည်ကြီးခဲ့တဲ့ ရေသွင်းရေနုတ် ကျုံးမြောင်းတွေနဲ့ ခံတပ်တွေကို ပြချင်လို့ ချဉ်းကပ်ခဲ့တာဖြစ်တယ်လို့လည်း မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်အမတ်ဟောင်း ဦးထွန်းသာစိန်က ပြောပါတယ်။
မြောက်ဦးရှေးဟောင်းဒေသကို ကမ္ဘ့ာရှေးဟောင်း အမွေအနှစ်စာရင်း ဝင်နိုင်ဖို့အတွက် ယူနက်စကိုက တာဝန်ရှိသူတွေက အခုနှစ် စက်တင်ဘာလအတွင်း လာရောက်စစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့လည်း သိရပါတယ်။
ဗုဒ္ဓဘာသာဝင်များအနေဖြင့်သော်လည်းကောင်း၊ သို့မဟုတ် ရှေးဟောင်းအမွေအနှစ်များကို လေ့လာလိုသူများအနေဖြင့်သော်လည်းကောင်း မြောက်ဦးမြို့သို့ ရောက်ဖူးချင်တတ်ကြသည်။ ရခိုင်ဒေသသို့ ရောက်တုန်းရောက်ခိုက် မိုးရာသီလည်း ကုန်ခါစဖြစ်၍ ဘုရားလည်းဖူး သဘာဝရှုခင်း အလှအပတွေကို ဓာတ်ပုံလည်း ရိုက်ရန် ကျနော် မြောက်ဦးမြို့သို့ မကြာသေးခင်က ရောက်သွားခဲ့သည်။
မိုးကုန်ခါစ မြောက်ဦးမြို့တခွင်ကား စိမ်းလန်းစိုပြည်နေလေ၏။ မြို့နှင့် အနီးတဝိုက်တွင် မကြာခဏဆိုသလို တိုက်ပွဲများလည်း ဖြစ်လေ့ဖြစ်ထရှိနေသဖြင့် အချို့သောနေရာများတွင် လူသူအသွားအလာ ကင်းမဲ့လျက်ရှိသည်။ အင်တာနက် ဖြတ်တောက်ခံထားရသည့် မြို့များထဲတွင် ပါဝင်နေသော မြို့တမြို့လည်း ဖြစ်တာကြောင့် တချိန်က သိကျွမ်းခဲ့ကြသည့် မိတ်ဆွေတော်တော်များများနှင့် အဆက်အသွယ် ပြတ်တောက်နေခဲ့ရသည်။
မြောက်ဦးမြို့ထဲတွင် အလည်အပတ် လျှောက်သွားနေရင်း မိတ်ဆွေဟောင်းတဦးနှင့် လမ်းမှာ အမှတ်မထင်ဘဲ ဆုံဖြစ်ခဲ့ကြသည်။ သူနဲ့ ကျနော် မြို့နှင့်အနီးတဝိုက်တွင် ရှိနေကြသည့် စေတီပုထိုးများကို သွားရောက်လည်ပတ် ဖူးမြော်ဖြစ်ခဲ့ကြသည်။
အထူးသဖြင့် သျှစ်သောင်းပုထိုးတော်ကြီး၊ ဒုက္ကန်သိမ်၊ မင်္ဂလာမာန်အောင် စေတီတော်များကို ဖူးမြော်ကန်တော့ကြပြီးနောက် မြောက်ဦးခေတ်တွင် တည်ထားခဲ့သော ပိဋကတ်တိုက် ၄၈ တိုက်အနက် လက်ရာအမြောက်ဆုံးဖြစ်သော ချိန်ကိုက်ပိဋကတ်တိုက်သို့ ရောက်ရှိသွားခဲ့ကြသည်။
ကျနော်တို့ မိတ်ဆွေနှစ်ဦး ပိဋကတ်တိုက်အတွင်းသို့ လေ့လာရန် ဝင်ရောက်သွားစဉ် တိုက်ထဲတွင် ထိုင်းအခေါ် “ယာဘ” ၊ မြန်မာလို “မြင်းဆေး” စိတ်ကြွမူးယစ်ဆေးဝါးများကို သုံးစွဲထားကြသည့် ပစ္စည်းများကို တွေ့ရှိလိုက်ရသည်။
“ဒါကိုပဲ ကြည့်ပါတော့။ အခု လူငယ်တွေ မူးယစ်ဆေးဝါးတွေကို အလွယ်တကူရပြီး တော်တော့်ကို တွင်တွင်ကျယ်ကျယ် သုံးစွဲနေကြတယ်၊ ဘယ်လိုလုပ်ကြမလဲ” ဟု ကျနော့်မိတ်ဆွေက စိတ်မချမ်းမြေ့ဖွယ် ညည်းတွားလိုက်သည်။ ပိဋကတ်တိုက် အနီးတဝိုက်တွင်လည်း ဆေးရှူတဲ့အခါ အသုံးပြုရသည့် ရေသန့်ဘူးခွံများကို နေရာအနှံ့ စွန့်ပစ်ထားကြတာတွေကို မြင်တွေ့ ခဲ့ရသည်။
နောက်တနေ့မနက်တွင် သဘာဝအလှနှင့် ရှေးဟောင်းစေတီပုထိုးများကို ဓာတ်ပုံရိုက်ရန် တောင်ကုန်းလေးတခုပေါ်သို့ ရောက်ဖြစ်သွားခဲ့ပြန်သည်။ တောင်ကုန်းလေးပေါ်တွင် တည်ရှိနေသော စေတီထဲတွင် အတွဲတတွဲ၊ စေတီရဲ့ အနောက်ဘက်ကို ပတ်ကြည့်လိုက်တော့ အနောက်ဘက်မှာလည်း အတွဲတတွဲကို တွေ့လိုက်ရသည်။
ပထမကတော့ သမီးရည်းစား ချိန်းတွေ့နေကြတာ ဖြစ်မည်ဟု ထင်လိုက်မိသည်။ သူတို့အနားသို့ ရောက်သွားတော့ မူးယစ်ဆေးဝါး သုံးစွဲနေကြသည့် အနံ့များက ရလိုက်ရုံသာမက သူတို့၏ မျက်နှာအမူအရာများမှာလည်း ဆေးသုံးစွဲထားကြပြီး ဆေးစွဲနေကြသည့် မျက်နှာများ ဖြစ်နေပေတော့သည်။
ယခင်က “ရခိုင်တွေအရက်တော်တော် သောက်ကြတယ်”ဟု ပြောလေ့ပြောထရှိခဲ့ကြသည့် ရခိုင်ဒေသတွင် ယခုအခါ အရက်သာမကဘဲ မူးယစ်ဆေးဝါးများကိုလည်း အလွယ်တကူ ရယူသုံးစွဲနေကြခြင်းမှာ အများအသိပင် ဖြစ်သည်။
![]() |
![]() |
|---|