close

မြောင်ပညာရေးကွန်ရက်

close

August 19, 2022

မကွေးဆေးကျောင်းသားများသမဂ္ဂက မြောင်ပညာရေးကွန်ရက်သို့ ကျပ် ၁၀ သိန်းကျော် ပညာရေး ပဒေသာပင်လှူဒါန်း

တော်လှန်ပညာရေးကျောင်းတခုဖြစ်တဲ့ မြောင်ပညာရေးကွန်ရက်ကို ဆေးတက္ကသိုလ် မကွေး‌ကျောင်းသားများသမဂ္ဂကနေ ငွေကျပ် ၁၀ သိန်း ၉ သောင်း ၂ ထောင်တန်ဖိုးရှိတဲ့ ပြဋ္ဌာန်းစာအုပ်တွေနဲ့ စာရေးကိရိယာတွေကို ပညာရေးပဒေသာပင်အဖြစ် လှူဒါန်းခဲ့ပါတယ်။

ဒီလှူဒါန်းမှုဟာ တော်လှန်နေရင်းသင်ယူကြမယ့် ကြားကာလပညာသင်ကြားရေးလုပ်ငန်းတွေ လည်ပတ်နိုင်စေဖို့နဲ့ မြောင်မြို့နယ်ပညာရေး တိုးတက်အောင်မြင်စေဖို့အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါ ပြဋ္ဌာန်းစာအုပ်တွေ၊ စာရေးကိရိယာတွေ လှူဒါန်းမှုကို မြောင်မြို့နယ်ရဲ့ ပညာရေးမှာ လိုအပ်နေတဲ့ နေရာတွေအတွက် အသုံးပြုသွားမှာဖြစ်ပြီး မြောင်ပညာရေးကွန်ရက်နဲ့ လက်တွဲပြီးတော့ ပညာရေးကဏ္ဍမှာ ပါဝင်အားဖြည့်ပေးတဲ့ ဆေးတက္ကသိုလ် မကွေး‌ကျောင်းသားများသမဂ္ဂကိုလည်း  အထူးကျေးဇူးတင်တယ်လို့ မြောင်ပညာရေးကွန်ရက်က ထုတ်ပြန်ထားပါတယ်။

မြောင်ပညာရေးကွန်ရက်ကိုတော့ မြောင်နယ်သူနယ်သားတွေနဲ့ စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၂၂ ခုနှစ်၊ မတ် ၁ ရက်က စတင်ကာ ပညာရေးလုပ်ငန်းတွေကို အကောင်အထည်ဖော်ခဲ့တယ်လို့ သိရပါတယ်။

ကြားကာလပညာရေးအတွက် မြောင်ပညာရေးကွန်ရက်နဲ့ လာရောက်ချိတ်ဆက်ထားတဲ့ ကျေးရွာတွေကိုလည်း ကျောင်းတွေဖွင့်လှစ်ပြီး ပညာသင်ကြားပေးနိုင်ရေးအတွက် ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကြားကာလပညာရေး လုပ်ငန်းဆောင်တာတွေကို ကွန်ရက်သဖွယ် ချိတ်ဆက်ပြီး မြောင်နယ်ပညာရေးမှာ ပါဝင်အားဖြည့်သွားမှာဖြစ်သလို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊   ပညာရေးဝန်ကြီးနဲ့လည်း တွေ့ဆုံခဲ့ကာ မြို့နယ်ပညာရေးလုပ်ငန်းတွေ လုပ်ဆောင်တဲ့ ရည်ရွယ်ချက်၊ မူဘောင်၊ လုပ်ငန်းစဥ်နဲ့ ရည်ရွယ်ချက်တွေကို တင်ပြထားတယ်လို့ သိရပါတယ်။

လတ်တလောမှာတော့ ကျောင်းသုံးစာအုပ်တွေနဲ့ ကျောင်းရေရှည်တည်တံ့နိုင်ဖို့အတွက် ပညာရေးလုပ်ငန်း လိုအပ်ချက်တွေ ဖြည့်စွက်ကူညီနိုင်ဖို့ ဖိတ်ခေါ်ထားပါတယ်။

11 mins Ago

July 12, 2022

မြောင်ပညာရေးကွန်ရက် ဝါဆိုသင်္ကန်းကပ်လှူပွဲကျင်းပ(ဓာတ်ပုံ)

တော်လှန်ပညာရေးကျောင်းတခုဖြစ်တဲ့ မြောင်ပညာရေးကွန်ရက်က ဖွင့်လှစ်ထားတဲ့ MEDUS-24 အထက်တန်းကျောင်းမှာ ဆရာ၊ ဆရာမတွေ၊ ကျောင်းသား၊ ကျောင်းသူတွေ စုံညီစွာနဲ့ ဝါဆို သင်္ကန်းကပ်လှူပွဲ အခမ်းအနားကို ဇူလိုင် ၁၂ ရက် ဒီနေ့ကျင်းပခဲ့ပါတယ်။

ခုလိုကျင်းပတာဟာ ကလေးတွေကို ဘာသာရေးအဆုံးအမတွေနဲ့ ထိတွေ့ပေးဖို့၊ မိမိကိုယ်ကို တာဝန်ယူတတ်စေဖို့၊ အဖွဲ့အစည်းနဲ့ စနစ်တကျ လုပ်ကိုင်တတ်စေဖို့စတဲ့ ကောင်းမွန်တဲ့ အလေ့အကျင့်တွေ ပြုစုပျိုး ထောင်ပေးတာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

မြောင်ပညာရေးကွန်ရက်ကိုတော့ မြောင်နယ်သူနယ်သားတွေနဲ့ စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၂၂ ခုနှစ်၊ မတ် ၁ ရက်က စတင်ကာ ပညာရေးလုပ်ငန်းတွေကို အကောင်အထည်ဖော်ခဲ့တယ်လို့ သိရပါတယ်။

ကြားကာလပညာရေးအတွက် မြောင်ပညာရေးကွန်ရက်နဲ့ လာရောက်ချိတ်ဆက်ထားတဲ့ ကျေးရွာတွေကိုလည်း ကျောင်းတွေဖွင့်လှစ်ပြီး ပညာသင်ကြားပေးနိုင်ရေးအတွက် ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါ တယ်။

ဒါ့အပြင် ကြားကာလပညာရေး လုပ်ငန်းဆောင်တာတွေကို ကွန်ရက်သဖွယ် ချိတ်ဆက်ပြီး မြောင်နယ်ပညာရေးမှာ ပါဝင်အားဖြည့်သွားမှာဖြစ်သလို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊   ပညာရေးဝန်ကြီးနဲ့လည်း တွေ့ဆုံခဲ့ကာ မြို့နယ်ပညာရေးလုပ်ငန်းတွေ လုပ်ဆောင်တဲ့ ရည်ရွယ်ချက်၊ မူဘောင်၊ လုပ်ငန်းစဥ်နဲ့ ရည်ရွယ်ချက်တွေကို တင်ပြထားပြီးဖြစ်တယ်လို့ သိရပါတယ်။

လတ်တလောမှာတော့ ကျောင်းသုံးစာအုပ်တွေနဲ့ ကျောင်းရေရှည်တည်တံ့နိုင်ဖို့အတွက် ပညာရေးလုပ်ငန်း လိုအပ်ချက်တွေ ဖြည့်စွက်ကူညီနိုင်ဖို့ ဖိတ်ခေါ်ထားပါတယ်။

1 month Ago
Up