close

မြောင်ပြည်သူ့ကာကွယ်ရေးတပ်

close

August 3, 2022

မန္တလေး-မုံရွာလမ်းတွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၁၅ ဦးသေဆုံး

မန္တလေး-မုံရွာလမ်းပေါ်မှာ စစ်ကောင်စီကားတွေကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်က ဩဂုတ် ၂ ရက်နေ့မှာ မိုင်းဆွဲတိုက်ခိုက်တာကြောင့် စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးအဖွဲ့ဝင် ၁၅ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ သတင်းပြန်ကြားရေးအဖွဲ့က ဩဂုတ် ၃ ရက် နေ့လယ်က သတင်းထုတ်ပြန်ထားပါတယ်။

ဩဂုတ် ၂ ရက် မနက် ၈ နာရီလောက်မှာ နတ်ရေကန်ကျေးရွာနဲ့ ရေပိုးစားကျေးရွာကြားမှာ ရဲနဲ့ ပျူစောထီးအဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့မိသားစုတွေ လိုက်ပါလာတဲ့ ကားနှစ်စီးနဲ့ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်က ပဒေသာမိုင်း ၁၃ လုံးနဲ့ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ သတင်းပြန်ြကားရေးအဖွဲ့က ဗိုလ်တောက်ထွန်း (MBTT) က “အလုံးရေက တော်တော်များများ ကွဲကြတယ်။ ပဒေသာမိုင်းပေါ့၊ ၁၃ လုံးမိုင်းကို လာတဲ့ကားကို (--)ကား ၂ စီးပေါ့နော ခွဲတာပေါ့။ ခွဲပြီးတော့ သူတို့ကားရပ်ပြီးတော့ နောက်ပိုင်း ကားပါဆွဲပြီးတော့ ချောင်းဦးဘောလုံးကွင်းထဲ မောင်းသွားတာပေါ့” လို့ ပြောပါတယ်။

အဲဒီနောက် မန္တလေးမှ မုံရွာဘက်ကို ထွက်လာတဲ့ စစ်ကောင်စီကား ၁၅ စီးပါ ယာဥ်တန်းကို ညနေ ၄ နာရီလောက်မှာ ရေပိုးစားကျေးရွာအနီး ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်က ပဒေသာမိုင်း ၄ လုံးတွဲနဲ့ ဖောက်ခွဲတိုက်ခဲ့တယ်လို့ သိရပါတယ်။

ဗိုလ်တောက်ထွန်း(MBTT) က “၄ နာရီဝန်းကျင်ကျ မန္တလေးကနေ လာတာတော့ ကားကြီးတွေ ၃၂ စီးပေါ့နော။ ဒါပေမဲ့ သူတို့လာတာက ၃၂ စီးလုံး တန်းပြီးတော့မလာဘူး။ ၁၅ စီးတဖြတ်၊ ၁၆ စီးတဖြတ်၊ ဖြတ်လာတာ။ အဲဒါကို ကျနော်တို့က ပဒေသာ ၄ လုံးမိုင်းနဲ့ ခွဲလိုက်တာ” လို့ ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှု ၂ ခုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ရဲတွေနဲ့ ပျူစောထီးအဖွဲ့ဝင် စုစုပေါင်း ၁၅ ယောက် သေဆုံးပြီး ပြင်းထန်ဒဏ်ရာရရှိသူ အလွန်များပြားကြောင်း အတွင်းသတင်းအရ သိရှိရပါတယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ သတင်းပြန်ြကားရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

အဆိုပါတိုက်ခိုက်မှု ၂ ခုကို မိုင်းပဒေသာ အလုံး ၃၀ အသုံးပြုခဲ့တာဖြစ်ပြီး စုစုပေါင်း ၂၅ သိန်းခန့် ကုန်ကျတယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေဖြစ်တဲ့ ဗိုလ်တောက်ထွန်း (MBTT)၊ မြောင်မြို့နယ်ပကဖ၊ ဗိုလ်နေတိုးပြောက်ကျားအထူးအဖွဲ့ (B.N.T)၊ လျှပ်တပြက်စွန်ညိုအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

13 mins Ago

January 4, 2022

တံတားဦးတွင် စစ်ကောင်စီယာဉ်နှစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရ၊ ၁၅ ဦးထက်မနည်းသေဆုံး

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်မှာ စစ်ကောင်စီတွေ လိုက်ပါလာတဲ့ ယာဉ်နှစ်စီး မနေ့က ဖောက်ခွဲတိုက်ခိုက်ခံရပြီး စစ်သား ၁၅ ဦးထက်မနည်းသေဆုံးပြီး ၅ ဦးလောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

တံတားဦးမြို့နယ်‌က ထွက်လာတဲ့ အင်အား ၈၀ လောက်ပါတဲ့ စစ်ကောင်စီယာဉ် နှစ်စီးကို ဇန်နဝါရီ ၃ ရက်နေ့ မနက်ပိုင်းက ကံကြီးကျေးရွာအကျော် ၉ မိုင်ဆီဆိုင်ကွေ့မှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။

တိုက်ခိုက်မှုကို လွတ်လပ်ရေးနေ့အကြိုအနေနဲ့ YFPDF၊ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -TGR၊ NZ Five Star အဖွဲ့၊ ငါးဇွန်ပြည်သူ့ကာကွယ်ရေးတပ်နဲ့ တော်ဝင်ဒေဝီ(ငါးဇွန်) တို့ ပူးပေါင်းပြီး မိုင်း ၃ လုံးခွဲ တိုက်ခိုက်ခဲ့တာလို့ YFPDF က ထုတ်ပြန်ထားပါတယ်။

“ပထမတစ်စီး ကားနောက်ပိုင်းပျက်စီးပြီး ဒုတိယ တစ်စီးမှာ ခေါင်းပိုင်းပျက်စီးတယ်။”

မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာတာနဲ့ပတ်သက်ပြီး ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

ရေစကြို- ချောင်းဦးလမ်းပိုင်းကို ဒီဇင်ဘာ ၃၀ ရက်နေ့က စတင်ပြီး အရေးပေါ်အခြေအနေအဖြစ် ဖောကားများ ဖြတ်သန်းခွင့်လုံး၀မပြုကြောင်းနဲ့ အိမ်စီးကားတွေကိုလည်း မှန်ချမောင်းနှင်ဖို့၊ နောက်ထပ် ကြေညာချက်မထုတ်ပြန်မီအထိ လိုက်နာကြဖို့  YFPDF တပ်ဖွဲ့က မေတ္တာရပ်ခံထားပါတယ်။

7 months Ago
Up