close

မြောင်းမြထောင်

close

June 16, 2022

မအူပင်ထောင်မှ အကျဉ်းသား ၁၀၀ ကျော်ကို မြောင်းမြထောင်သို့ ပြောင်းရွှေ့

ဧရာဝတီတိုင်း၊ မအူပင် အကျဉ်းထောင်ကနေ နိုင်ငံရေးအကျဉ်းသားတွေ အပါဝင် အကျဉ်းသား စုစုပေါင်း ၁၀၀ ကျော်ကို ဇွန်လ ၁၂ ရက်နေ့က မြောင်းမြအကျဉ်းထောင်ကို ရွှေ့ပြောင်ခဲ့တယ်လို့ အကျဉ်းထောင်နဲ့နီးစပ်သူတွေထံက သိရပါတယ်။ 

မအူပင်အကျဉ်းထောင်ကနေ မြောင်းမြအကျဉ်းထောင်ကို ပြောင်းရွှေ့လိုက်တဲ့ အကျဉ်းသား ၁၀၀ ကျော်ထဲမှာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ နဲ့ဖမ်းဆီးထောင်ချခံရသူတွေနဲ့ စွပ်စွဲဖမ်းဆီးခံရသူတွေ CDM ဝန်ထမ်းတွေပါ ပါဝင်တယ်လို့ အကျဉ်းထောင်နဲ့နီးစပ်သူတဦးက ပြောပါတယ်။ 

“ပြောင်းလိုက်တဲ့ အထဲမှာ လွတ်ရက်နီးတဲ့သူတွေလည်း ပါတယ်။ အများစုကတော့ နိုင်ငံရေးသမားတွေ ပုဒ်မ ၅၀၅ နဲ့ စွပ်စွဲဖမ်းဆီးခံရတဲ့သူတွေများတယ်”လို့ ပြောပါတယ်။ 

မအူပင်အကျဉ်းထောင်ကနေ မြောင်းမြအကျဉ်းထောင်ကို နိုင်ငံရေးအကျဉ်းသားအများစုအပါဝင် အကျဉ်းသား ၁၀၀ ကျော်ပြောင်းရွှေ့လိုက်တာကြောင့် ကျန်းမာရေးစိုးရိမ်ရသလို ထောင်ဝင်စာတွေ့ဖို့လည်း ပိုပြီးခက်ခဲသွား တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ 

မအူပင်မြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြမှုတွေနဲ့ ပတ်သက်ပြီး ဒေသခံ ပြည်သူ ၂၀၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

1 min Ago
Up