close

မြောင်းမြမြို့နယ်

close

December 9, 2021

ရေးမြို့နယ်၊ သထုံမြို့နယ်နှင့် မြောင်းမြမြို့နယ်တို့တွင် ဗုံးပေါက်ကွဲ ပစ်ခတ်မှုများဖြစ်ပွား

မွန်ပြည်နယ်၊ ရေးမြို့နယ် ကျောင်းရွာကျေးရွာမှာ ရဲကင်းစခန်းနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို ဒီဇင်ဘာ ၈ ရက်  ည ၅ နာရီကျော်လောက်က  ပစ်ခတ် တိုက်ခိုက်ခံခဲ့ရလို့ အနည်းဆုံး ၃ ယောက် ဒဏ်ရာရသွားတယ်လို့  ဒေသခံတွေဆီက သိရပါတယ်။

ရဲကင်းစခန်းကို သေနတ်သံအချက် ၁၀ လောက်နဲ့ ဗုံး ၃ လုံးပါ ပစ်ခံရပြီး ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကိုပါ ဆိုင်ကယ်နဲ့ စီးလာသူတွေက ထပ်မံ သေနတ်နဲ့ပစ်ခတ်သွားတာဖြစ်ပါတယ်။

အနီးအနား ပတ်ဝန်းကျင်က လူတွေ စိုးရိမ်ကြောက်လန့်နေကြပြီး ဘယ်သူမှ အပြင် မထွက်ရဲကြဘဲ လမ်းအသွားအလာတွေမှာလည်း တိတ်ဆိတ်ငြိမ်သက်သွားကြသလို ဈေးဆိုင်တွေပါ။ ချက်ချင်းပိတ်သိမ်းလိုက်တယ်လို့ ဒေသခံတဦးက  ပြောပါတယ်။

အခု ရဲကင်းစခန်းနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်မှာ ရဲတယောက် ကျေးရွာ ပြည်သူ့စစ်နှစ်ယောက်နဲ့ စစ်မှုထမ်းဟောင်း တယောက်  ထိခိုက်ဒဏ်ရာရသွားပါတယ်။

မွန်ပြည်နယ်၊ သထုံမြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးမှာလည်း  ဒီဇင်ဘာ ၈ ရက် မနက် ၉ နာရီခွဲလောက်က ဗုံးပေါက်ကွဲပြီး ခြံစည်းရိုး ထိခိုက်ပျက်စီးခဲ့ကာ လူထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ ဒေသခံတွေထံက သိရပါတယ်။

စည်ပင်ရုံး ဗုံးပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မြို့ပေါ်ရပ်ကွက်တချို့နဲ့ လူစည်းကားရာ နေရာတွေမှာ ပိတ်ဆို့ ရှာဖွေ စစ်ဆေးနေသလို ဆိုင်ကယ်ဘောက်တွေနဲ့ ဖုန်းတွေကိုပါ စစ်ဆေးနေတယ်လို့ ဒေသခံတွေကို ပြောပါတယ်။

သထုံစည်ပင်ရုံး ဗုံးဖောက်ခွဲတာဟာ သူတို့ လက်ချက်ဖြစ်တယ်လို့ မွန်-သထုံ အထူးကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပြီး စစ်ကောင်စီလက်ပါးစေရုံးတွေကို ရရာနည်းနဲ့ ဖျက်ဆီးသွားမှာဖြစ်လို့ ပြည်သူတွေအနေနဲ့ စစ်ကောင်စီရုံးတွေအနားကို  မသွားကြဖို့ သတိပေးထားပါတယ်။

အလားတူ ဧရာဝတီတိုင်း၊ မြောင်းမြမြို့မှာ  ဒီဇင်ဘာလ ၈ ရက် မနက်အစောပိုင်းက ခရိုင်ရဲရုံးနဲ့ ထွေအုပ်ရုံးတွေမှာ ဗုံးပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။ 

မနေ့ မနက် ၃ နာရီ မိနစ် ၅၀ လောက်မှာ ခရိုင်ရဲရုံးနဲ့ ထွေအုပ်ရုံးမှာ ပေါက်ကွဲသံကြားခဲ့ရပြီး နောက်ပိုင်း ဆဲဆိုသံတွေ လည်းကြားခဲ့ရတယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။

“ဗုံးမပေါက်တာ အတော်ကြာပြီ ခုမှ ပြန်ပေါက်တာ မြို့ပေါ်နေတဲ့သူတွေတော့ အသံကြားမှာပါ ပေါက်ကွဲတဲ့အသံတော်တော်ကျယ်တယ် ထိခိုက်တာတော့ မရှိဘူး”လို့ ဒေသခံတဦးက ပြောပါတယ်။

မြောင်းမြမြို့မှာ စစ်ကောင်စီနဲ့သက်ဆိုင်တဲ့နေရာတွေ ဗုံးမကွဲတာ ၃ လလောက်ရှိပြီဖြစ်ပြီး ဒီဇင်ဘာလပိုင်းမှာ ပြန်လည်ပေါက်ကွဲတာဖြစ်ပါတယ်။

မြောင်းမြခရိုင် ရဲရုံးနဲ့ ထွေအုပ်ရုံးကို အသိပေးတဲ့အနေနဲ့ ဖောက်ခွဲခဲ့တာဖြစ်တယ်လို့ Myaungmya Special Task Force အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

6 mins Ago

May 12, 2021

မြောင်းမြမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့စည်း

ဧရာဝတီတိုင်း၊ မြောင်းမြမြို့မှာ အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုရဲ့ မတရားလုပ်ရပ်တွေကို ကာကွယ်ဖို့  မြောင်းမြမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို မေလ ၁၂ ရက်က စတင် ဖွဲ့စည်းလိုက်ပါတယ်။

မြောင်းမြမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက “စစ်အုပ်စုက မြောင်းမြကို သူတို့နိုင်ပြီလို့ ပြောကြတယ်။ ကျနော်တို့မြို့ဟာ သမိုင်းကောင်းခဲ့တဲ့မြို့ပါ၊ ကျနော်တို့က PDFနဲ့ ပူးပေါင်းပြီး NUGရဲ့ ညွှန်ကြားမှုအတိုင်း ရှေ့ဆက်သွားမှာ ဖြစ်ပါတယ်။ လောက်ကောင်တွေနဲ့ ဒလန်တွေကို အရင်ဆုံးရှင်းလင်းသွားမှာပဲ ဖြစ်ပါတယ်”လို့  ပြောပါတယ်။

မြောင်းမြမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့  လုပ်ဆောင်မှုတွေကို Facebook Page ကနေ အမြဲ ထုတ်ပြန်ပေးသွားမယ်လို့လည်း  မြောင်းမြမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

မြောင်းမြမြို့မှာ မေလ ၁၁ ရက်နေ့ညပိုင်းက အမှတ် ၄ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတော့ မရှိခဲ့ပါဘူး။

ဧရာဝတီတိုင်းဒေသကြီးမှာ  ပြည်သူတွေဟာ ဧရာဝတီဖက်ဒရယ်တပ်ဖွဲ့ကိုလည်း ဧပြီ ၁၅ ရက်‌နေ့ကတည်းက ဖွဲ့စည်းထားပါတယ်။

7 months Ago
Up