close

မြောင်းမြမြို့

close

May 11, 2023

လပွတ္တာမြို့မှ ပြည်သူ ၁,၀၀၀ ကျော် မြောင်းမြမြို့ပေါ်သို့ မုန်တိုင်းဘေးရှောင်

ဧရာဝတီတိုင်း၊ မြောင်းမြမြို့ပေါ်ကို ပြည်သူ ၁,၀၀၀ ကျော် မုန်တိုင်းဘေးကနေ လာရောက်တိမ်းရှောင်နေကြပါတယ်။

လပွတ္တာမြို့နယ်မှာရှိတဲ့ ကျေးရွာတွေက မုန်တိုင်းရှောင်ပြည်သူ ၁,၀၀၀ ကျော်ဟာ မြောင်းမြမြို့ ဘာသာရေးအဆောက်အအုံတွေနဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ မုန်တိုင်းရှောင် ခိုလှုံနေရကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံ အမျိုးသားတဦးက “လပွတ္တာမြို့နယ်ထဲက ရွာတွေက မြောင်းမြမြို့ ဘုန်းတော်ကြီးကျောင်းနဲ့ ဘာသာရေး အဆောက်အအုံတွေမှာ မုန်တိုင်းရှောင်ဖို့ နေကြတယ်။ မုန်တိုင်းရှောင်အဖွဲ့တွေက ပြီးခဲ့တဲ့ ၅ ရက်လောက်ကတည်းက ရောက်နေကြတာ။ တရက်ထက်တရက် ပိုပိုတိုးလာတယ်” လို့ ပြောပါတယ်။

လပွတ္တာမြို့နယ်မှာပါဝင်တဲ့ အောင်လှိုင်၊ ဘီတွတ်၊ သစ်ပုတ်၊ ပြင်စလူ‌၊ ‌လေယာဉ်ကွင်း၊ စစ်ကွဲ စတဲ့ကျေးရွာတွေက မုန်တိုင်းရှောင်ပြည်သူ ၁,၀၀၀ ကျော်ဟာ ဘာသာရေး အဆောက်အအုံတွေနဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ မုန်တိုင်းလာရောက် ရှောင်တိမ်းနေကြတာပါ။

မုန်တိုင်းရှောင်ပြည်သူတွေကို ကူညီပေးနေသူ ဒေသခံတဦးက “လပွတ္တာမြို့နယ် ကျေးရွာတွေက မုန်တိုင်းရှောင်တွေ ဘုန်းတော်ကြီးကျောင်းနဲ့ ဘာသာရေးအဆောက်အအုံ၊ တန်ဆောင်းတွေမှာ နေကြတယ်။ အခုလက်ရှိမှာတော့ ဘုန်းတော်ကြီးကျောင်းတွေကလည်း မုန်တိုင်းရှောင်ပြည်သူတွေကို ထမင်းကျွေးတာရှိတယ်။ တချို့ကျောင်းတွေမှာကြတော့လည်း မုန်တိုင်းရှောင်ပြည်သူတွေ ကိုယ့်ဘာသာကိုယ် ချက်ပြုတ်စားသောက်တာရှိတယ်။ ရပ်ကွက်ထဲကသူတွေကလည်း ထမင်းဟင်း ဝိုင်းဝန်းပံ့ပိုးပေးတာရှိတယ်” လို့ ပြောပါတယ်။

မိုခါမုန်တိုင်းနဲ့ ပတ်သက်ပြီး စစ်ကောင်စီက ကြိုတင်ပြင်ဆင်မှုတွေလုပ်တာ၊ စစ်ကောင်စီ ခေါင်းဆောင်တွေ ဦးဆောင်ပြီး လောကီအစီအရင်တွေလုပ်တာ၊ ပင်လယ်ပြင်မှာ နဂါးစာကျွေးတာတွေ ပြုလုပ်နေတာကို စစ်ကောင်စီလက်အောက်ခံ မီဒီယာတွေမှာ ရေးသားဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ် မေလက တိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်းကြောင့် ဘိုကလေးမြို့နယ်နဲ့ လပွတ္တာမြို့နယ် အပါအဝင် ဧရာဝတီတိုင်းအတွင်းမှာ မုန်တိုင်းကြောင့် ပြည်သူ တသိန်းကျော် သေဆုံးခဲ့ပါတယ်။

8 mins Ago

June 8, 2022

မြောင်းမြမြို့က ခံဝန်ထိုးထားသည့် အန်အယ်လ်ဒီလွှတ်တော်အမတ်ဟောင်း ၁ ရက် ဖမ်းဆီးခံရ

ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်က အန်အယ်လ်ဒီပါတီ လွှတ်တော်ကိုယ်စားလှယ်ဟောင်း  ဦးသန့်ဇော်ဝင်းကို စစ်ကောင်စီတပ်သားတွေက ဇွန် ၄ ရက်က ဖမ်းဆီးသွားပြီး နောက်တနေ့ ဇွန် ၅ ရက်မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ သူနဲ့ နီးစပ်သူတဦးကပြောပါတယ်။ 

လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးသန့်ဇော်ဝင်းကို NUG ၊ PDF အဖွဲ့တွေ ပြောက်ကျားတပ်ဖွဲ့တွေနဲ့ ဆက်သွယ်တာရှိလာမေးမြန်းကာ ပြန်လွှတ်ပေးခဲ့တာလို့ဆိုပါတယ်။

မြောင်းမြဒေသခံတဦးက “မြို့ပေါ်ကလက်ဖက်ရည်ဆိုင်မှာထိုင်နေတုန်း လာဖမ်းသွားတာ စဖမ်းကတည်းကထင်ပါတယ်။ တစ်ခုခုတော့ လွဲနေတယ်လို့။ အဖမ်းခံရစရာအကြောင်းကိုမရှိတာ။ ခံဝန်ထိုးပြီး အေးဆေးနေနေတာ မြို့ပေါ်မှာ ဟိုသွားလိုက် ဒီသွားလိုက် သူတို့မိသားစုတွေပဲ ပျော်နေကြတာ”လို့ ပြောပါတယ်။ 

လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးသန့်ဇော်ဝင်းနဲ့ လွှတ်တော်အမတ် ဒေါ်ခိုင်ဇင်ဦးတို့ဟာ ခံဝန်လက်မှတ်ထိုးပြီး မြို့မှာ အေးဆေးနေသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

ဧရာဝတီတိုင်းမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီထံ ခံဝန်ထိုးကာ နိုင်ငံရေးပင်စင်ထုတ်နေတဲ့ အန်အယ်လ်ဒီ အမတ်အနည်းဆုံး  ၁၈ ဦးထိရှိတယ်လို့ ပါတီနဲ့နီးစပ်သူတွေက ပြောပါတယ်။

11 months Ago
Up