close

မြောင်‌မြို့နယ်‌

close

November 7, 2022

မြောင်‌မြို့နယ်‌တွင် စစ်တပ် ရိက္ခာတင်သ‌င်္ဘောကို PDF ဖမ်းဆီး

စစ်‌ကိုင်းတိုင်း၊ မြောင်‌မြို့နယ်‌မှာ ဆန်အိတ် ၁၅,၀၀၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်ရဲ့ ရိက္ခာတင်သင်္ဘာတစီးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က နိုဝင်‌ဘာ ၆ ရက်‌‌မှာ ဖမ်းဆီးခဲ့တယ်လို့ မြောင်‌ပြည်‌သူ့ကာကွယ်‌‌ရေးအဖွဲ့ CDSOM တာဝန်‌ရှိသူတယောက်က‌ ပြောပါတယ်။

“မန္တလေးကနေထွက်လာတဲ့ သင်္ဘောကို ချင်းတွင်းမြစ်ထဲက နနွင်းကိုင်းဆိပ်ကမ်းမှာ ဖမ်းခဲ့တယ်။ ဆန်အိတ်တွေကို စစ်ရှောင်တွေကို ဝေပေးလိုက်တယ်။”

အခုလို ဝေပေးပြီးနောက် ဆန်အိတ် ၄၀၀ လောက်ပဲ သယ်ခဲ့တယ်လို့ ‌မြောင်‌ပြည်‌သူ့ကာကွယ်‌‌ရေးတပ်ဖွဲ့ တာဝန်‌ရှိသူတယောက်က‌ ပြောပါတယ်‌။

စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီတပ်ဟာ နေ့စဉ် စစ်ကြောင်းထိုးနေပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတာဟာ အခုချိန်ထိပဲလို့ ဒေသခံတွေက ပြောပါတယ်။

51 seconds Ago
Up