close

မြွေဆိပ်ဖြေဆေး

close

February 3, 2023

ကန့်ဘလူက စစ်ရှောင်အမျိုးသမီး ၂ ဦး မြွေကိုက်ခံရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့တိုက်နယ်က စစ်ရှောင်တဲမှာ နေထိုင်တဲ့ စစ်ရှောင်အမျိုးသမီးနှစ်ဦး မြေွကိုက်ခံခဲ့ရတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ ကိုဂျောင်ဒီအွန်က ပြောပါတယ်။

စစ်ရှောင်တဲမှာ နွားလှန်သွားရင်း အသက် ၅၈ နှစ်အရွယ် အမျိုးသမီးတဦး ဖေ​ဖော်ဝါရီ ၂ ရက် မွန်းလွဲပိုင်းက မြွေကိုက်ခံခဲ့ရပြီး ည ၁၂ နာရီမှာလည်း အသက် ၂၄ နှစ်အရွယ် အမျိုးသမီးတဦး ထပ်မံမြွေကိုက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

မြွေကိုက်ခံထားရတဲ့ အသက် ၅၈ နှစ်အရွယ် အမျိုးသမီးကို မြန်မာထုတ် ဘီပီအိုင် မြွေဆိပ်ဖြေဆေး ခြောက်လုံးနဲ့ အိန္ဒိယမြွေဆိပ်ဖြေဆေး လေးလုံးအထိ ထိုးပေးထားပြီး လက်ရှိမှာ အခြေအနေ မစိုးရိမ်ရတော့ဘူးလို့ ပြောပါတယ်။

“မနေ့ကဟာကလည်း အမျိုးသမီးတဦး စစ်ရှောင်တဲမှာနေတာ၊ ကျွဲ နွားတွေ နေရာသွားရွှေ့တဲ့အခါ မြွေကိုက်ခံရတာ။ အကောင်ကလည်း တော်တော်ကြီးပါတယ်။ အခုအခြေအနေက သက်သာတဲ့အနေအထားမှာ ရှိနေပါတယ်” လို့ ကိုဂျောင်ဒီအွန်က ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကိုးတောင်ဘို့တိုက်နယ်မှာ စစ်ဘေးရှောင်ရင်း မြွေကိုက်ခံရသူ ၄၇​ ယောက်ထိရှိပြီး ၃ ယောက် သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

မြွေဆိပ်ဖြေဆေးတွေကလည်း ဝယ်ယူဖို့ ခက်ခဲလာတဲ့အပြင် စျေးလည်းတက်နေတာကြောင့် ​မြွေကိုက်ခံရတဲ့ စစ်ရှောင်တွေအနေနဲ့ အချိန်မီဆေးမရရှိရင် အချိန်မမီဘဲ အသက်သေဆုံးတာထိ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

ကိုးတောင်ဘို့တိုက်နယ်က စစ်​ရှောင်တသောင်းကျော်အတွက် မြေကိုက်ခံရတဲ့ အန္တရာယ်ကနေ လျော့နည်းအောင် လည်ရှည်ဖိနပ်တွေ လိုအပ်နေပြီး စစ်ရှောင်တွေမှာ လည်ရှည်ဖိနပ်တွေ ရှိနေပါက မြွေကိုက်ခံရမှုနှုန်းကို လျော့ချပေးနိုင်မယ်လို့ ပြောပါတယ်။

ကိုးတောင်ဘို့တိုက်နယ် ကျေးရွာ ၂၆ ရွာက ဒေသခံရွာသား သောင်းနဲ့ချီ စစ်ဘေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

4 hours Ago

October 10, 2022

ကန့်ဘလူတွင် မြွေကိုက်ခံရသူ များလာ၊ မြွေဆိပ်ဖြေဆေး အရေးပေါ်လိုအပ်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ  စစ်ဘေးရှောင် ၂ ယောက် အောက်တိုဘာ ၉ ရက် မနက်ပိုင်းက မြွေပွေးကိုက်ခံခဲ့ရပြီး တယောက်မှာ အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။

မြွေကိုက်ခံရတဲ့ အသက် ၁၄ နှစ်အရွယ်ကလေးငယ်ကို မြွေဆိပ်ဖြေဆေး ၇ လုံး ထိုးထားပေမဲ့ အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ ဆိုပါတယ်

ဒေသခံတော်လှန်ရေး တက်ကြွသူများဆေးအဖွဲ့ဝင်တဦးက “အသက် ၃၀ အရွယ်က မနက် ၉ နာရီက အကိုက်ခံရတယ်။ ၁၄ နှစ် ကလေးငယ်က ၁၀ နာရီမှာ ကိုက်ခံရတယ်။ နှစ်ဦးလုံးတော့ မြွေဆိပ်ဖြေဆေး ထိုးပေးထားတယ်။ ဒေသတွင်း သွားရေးလာရေး ခက်ခဲတာက တမျိုး၊ ဆေးဝါး မရှိတာက တမျိုးဖြစ်နေတော့ မသေသင့်ပဲ သေနေရတာတွေလည်း ရှိနေရတယ်” လို့ ပြောပါတယ်။

ကန့်ဘလူမြို့နယ်မှာ ၂၀၂၂ ခုနှစ်အတွင်း မြွေပွေးကိုက်ခံရသူ အယောက် ၂၀ အထိရှိနေပြီး ၂ ဦး သေဆုံးခဲ့ပါတယ်။ 

အခုလို ဒေသတွင်းမှာ မြွေအကိုက်ခံရတာ များနေတာကြောင့် မြွေဆိပ်ဖြေဆေး အရေးပေါ် လိုအပ်ချက်တွေ ရှိနေပြီး အလှူရှင်တွေအနေနဲ့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ကို တိုက်ရိုက်လှူဒါန်းပေးဖို့ရန် ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က မေတ္တာရပ်ခံထားပါတယ်။

4 months Ago
Up