close

မွတ်ဆလင်ကျောင်းသူများ

close

February 14, 2022

မွတ်ဆလင်ကျောင်းသူများ ခေါင်းစည်းပဝါဝတ်ဆင်မှု အိန္ဒိယ တားမြစ်ချက်ကို ပါကစ္စတန်တွင် ဆန္ဒပြ

အိန္ဒိယတောင်ပိုင်း ကာနာတကာပြည်နယ်ကျောင်းတွေမှာ မွတ်ဆလင်ကျောင်းသူတွေ ခေါင်းစည်းပဝါ Hijab ဝတ်ဆင်မှုအား တားမြစ်ခဲ့တာကြောင့် နေ့စဉ်ရက်ဆက် ဆန္ဒပြနေကြပြီး ဖေဖော်ဝါရီ ၁၃ ရက်နေ့ကလည်း ပါကစ္စတန်နိုင်ငံ ကရာချိမြို့မှာ အမျိုးသမီး ၂၅၀ လောက် လမ်းပေါ်ထွက် ဆန္ဒပြခဲ့ပါတယ်။

ဆန္ဒပြပွဲကို ‘အစ္စလမ်သမီးပျိုများ’ ဘာသာရေးအဖွဲ့က စီစဉ်တာပါ။ ဆိုင်းဘုတ်တွေ၊ လက်ကိုင်ပိုစတာတွေ ကိုင်ဆောင်ထားတဲ့ အမျိုးသမီးတွေက ခေါင်းစည်းပဝါဝတ်ခွင့်ရရေး ကြွေးကြော်သံတွေနဲ့ ချီတက်ခဲ့ပါတယ်။

ပဝါနဲ့ခြုံ ဆန္ဒပြအမျိုးသမီးတဦးက “Hijab က ကျမတို့အခွင့်အရေးပါ၊ လူသားအားလုံးမှာ သူတို့ဘာသာရေး၊ ယဉ်ကျေးမှု၊ သူတို့ယုံကြည်ရာနဲ့ ဘဝနေထိုင်ခွင့် ရှိရပါမယ်။ မွတ်ဆလင်အမျိုးသမီးတွေလည်း အစ္စလာမ်ဘာသာက သင်ကြားထားတဲ့တိုင်း Hijab ဝတ်ပြီး နေထိုင်ခွင့် ရှိရမှာပေါ့” လို့ ရိုက်တာသတင်းကို ပြောခဲ့တာပါ။

အိန္ဒိယ ကာနာတကာပြည်နယ်ကျောင်းတွေမှာ ကျောင်းသူတွေ Hijab ဝတ်ဆင်တာ တားမြစ်မှုအပေါ်  ပါကစ္စတန်အစိုးရကလည်း ကန့်ကွတ်ရှုတ်ချကြောင်း အိန္ဒိယအစိုးရကို မကြာခင်က စာပို့ခဲ့ပါတယ်။ 

မွတ်ဆလင်လူဦးရေ ၁၂ ရာခိုင်နှုန်းရှိတဲ့  ကာနာတကာပြည်နယ်မှာ ဝန်ကြီးချုပ်မိုဒီရဲ့ ဟိန္ဒူမျိုးချစ် BJP ပါတီက လက်ရှိ အာဏာရထားတာပါ။  

53 seconds Ago
Up