close

မွန်ပြည်နယ်ဝန်ကြီးချုပ်

close

April 26, 2022

မွန်ပြည်နယ်ဝန်ကြီးချုပ် အမှုတရားခံပြသက်သေ မလာသဖြင့် မစစ်ဖြစ်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီက စွဲဆိုထားတဲ့ ရွေးကောက်ပွဲ မလျော်သြဇာသုံးမှုအတွက် ဧပြီ ၂၆ ရက်နေ့မှာ ရုံးထုတ်ခဲ့ပေမယ့် တရားခံပြသက်သေ မလာတဲ့အတွက်  အမှုမစစ်ဖြစ်ဘူးလို့ တရားနဲ့နီးစပ်သူတွေက ပြောပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီက ရွေးကောက်ပွဲမှာ မလျော်သြဇာသုံးတယ်ဆိုပြီး ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၃၀ (က) နဲ့ အမှု တစ်မှု၊ ပုဒ်မ ၁၇၁ (စ)နဲ့ အမှု နှစ် မှု စုစုပေါင်း အမှု ၃ မှုနဲ့ တရားစွဲဆိုထားတာပါ။

ဒီရုံးချိန်းမှာတော့ ဝန်ကြီးချုပ် ဒေါက်တာအေးဇံဘက်က တင်သွင်းထားတဲ့ တရားခံပြ သက်သေ တစ်ဦးကို စစ်ဆေးမေးမြန်းဖို့ စီစဉ်ခဲ့ပေမယ့် သက်သေ မလာတာကြောင့် ရုံးချိန်း ရွှေ့ပြောင်းလိုက်တာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာအေးဇံရဲ့ ရွေးကောက်ပွဲအမှု ရုံးချိန်းကိုတော့ လာမယ့် မေလ ၃ ရက်နေ့ကို ရွှေ့ပြောင်းလိုက်တာ ဖြစ်ပြီး ရုံးချိန်းလာတဲ့ ဝန်ကြီးချုပ် ဒေါက်တာအေးဇံ ကျန်းမာရေး ကောင်းမွန်တယ်လို့ တရားနဲ့နီးစပ်သူ တစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ စစ်ကောင်စီက စွဲဆိုထားတဲ့ ရွေးကောက်ပွဲ မလျော်သြဇာသုံးမှု အမှု ၃ မှု ၊ အဂတိလိုက်စားအမှု အမှု ၉ မှု၊ စုစုပေါင်း အမှု ၁၂ မှုနဲ့ တရားရင်ဆိုင်နေတာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာ အေးဇံကိုတော့ စစ်ကောင်စီက နိုင်ငံ့ဝန်ထမ်းတွေကို CDM လှုပ်ရှားမှုမှာ ပါဝင်ပေးဖို့ တိုက်တွန်းခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၇ ရက်နေ့မှာ ၅၀၅(ခ) နဲ့ ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်ထားပါတယ်။

2 hours Ago

December 27, 2021

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၏အမှု တရားလိုပြ သက်သေ ၃ ဦး စစ်ဆေး

အလုပ်နဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံထားရတဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အေးဇံကို စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိအမှုတွေအတွက် ဒီကနေ့ ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ရုံးထုတ် စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ဒီဗွီဘီကို ပြောပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီက တာဝန်ယူစဉ် ကာလအတွင်း လုပ်ပိုင်ခွင့်ကို အသုံးပြုပြီး စီးပွားရေးလုပ်ငန်းရှင်တွေဆီက ငွေကြေးရယူခဲ့တယ်လို့ တဖက်သတ်စွပ်စွဲပြီး  အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ နဲ့ အမှု ၉ မှု ဖွင့်လှစ်ထားတာပါ။

ဒီကနေ့ ရုံးချိန်းမှာတော့ စစ်ကောင်စီက တင်သွင်းထားတဲ့ ပြန်ခေါ် တရားလိုပြ သက်သေ ၃ ဦးကို ကျိုက်မရောဗဟို အကျဉ်းထောင်ရှိ အထူးတရားရုံးမှာ စစ်ဆေးမေးမြန်းခဲ့တာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာ အေးဇံကို စစ်ကောင်စီက ဒီဇင်ဘာ ၂၃ ရက်နေ့မှာ စွဲဆိုထားတဲ့ အဂတိအမှု ၉ မှုစလုံးအတွက် စွဲချက်တင် အမိန့်ချခဲ့တာ ဖြစ်ပြီး အခုအခါမှာတော့ တရားလိုပြ သက်သေတွေကို ပြန်လည် ခေါ်ယူပြီး စစ်ဆေးနေတာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ လက်ရှိမှာတော့ အဂတိအမှု ၉ မှုအပြင် ပြီးခဲ့တဲ့ ရက်ပိုင်းက ရွေးကောက်ပွဲမှာ မလျော်သြဇာသုံးတယ်ဆိုပြီး စစ်ကောင်စီ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၃၀ (က) ၊ ပုဒ်မ ၁၇၁ (စ) အပါအဝင် အမှု ၃ မှု ထပ်တိုးဖွင့်လှစ်ခံထားရပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာအေးဇံကိုတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက်နေ့မှာ စစ်ကောင်စီက အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ နိုင်ငံ့ဝန်ထမ်းတွေ ပါဝင်ပေးဖို့ တိုက်တွန်းခဲ့တယ်လို့ စွပ်စွဲကာ ပုဒ်မ ၅၀၅ (ခ) နဲ့ အလုပ်နဲ့ ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်ထားတာ ဖြစ်ပါတယ်။

4 months Ago
Up