close

မွန်ပြည်နယ် ဝန်ကြီးချုပ်

close

April 19, 2022

မွန်ပြည်နယ် ဝန်ကြီးချုပ်ကို ရုံးထုတ် စစ်ဆေး

ကျိုက်မရောဗဟိုအကျဉ်းထောင်ထဲမှာ  ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်ခံထားရတဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီက စွဲဆိုထားတဲ့ ရွေးကောက်ပွဲ မလျော်သြဇာသုံးမှုတွေအတွက် မော်လမြိုင်မြို့နယ်တရားရုံးမှာ ဧပြီ ၁၉ ရက် ဒီနေ့ ရုံးထုတ် စစ်ဆေးပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီက ရွေးကောက်ပွဲမှာ မလျော်သြဇာသုံးတယ်ဆိုပြီး ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၃၀ (က) နဲ့ အမှု ၁ မှု၊ ပုဒ်မ ၁၇၁ (စ)နဲ့ အမှု ၂ မှု ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။

ဒီရုံးချိန်းမှာတော့ ဝန်ကြီးချုပ်ဒေါက်တာအေးဇံ တယောက်တည်းကိုသာ စစ်ဆေးမေးမြန်းခဲ့တာ ဖြစ်ပြီး လာမယ့် ရုံးချိန်းကိုတော့ ဧပြီ ၂၆ ရက်နေ့ကို ချိန်းဆိုထားတယ်လို့ တရားရုံးနဲ့နီးစပ်သူတွေက ပြောပါတယ်။

ဒီအမှုမှာ စစ်ကောင်စီ မော်လမြိုင်ခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲခွဲ့အတွင်းရေးမှူး ဦးထင်ကျော်က တရားလိုအဖြစ် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ စစ်ကောင်စီက စွဲဆိုထားတဲ့ ရွေးကောက်ပွဲ မလျော်သြဇာသုံးမှု အမှု ၃ မှု ၊ အဂတိလိုက်စားအမှု အမှု ၉ မှု၊ စုစုပေါင်း အမှု ၁၂ မှုနဲ့ တရားရင်ဆိုင်နေတာဖြစ်ပြီး အဂတိအမှုတွေကတော့ ပြည်ထောင်စုတရားလွှတ်တော်မှာ ပြင်ဆင်ချက် တက်ထားပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာ အေးဇံအပေါ် စစ်ကောင်စီက နိုင်ငံ့ဝန်ထမ်းတွေကို CDM လှုပ်ရှားမှုမှာ ပါဝင်ပေးဖို့ တိုက်တွန်းခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့  ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၇ ရက်က ရာဇသတ်ကြီး ပုဒ်မ  ၅၀၅(ခ)နဲ့  ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်ထားတာပါ။

10 hours Ago

December 30, 2021

မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စွပ်စွဲထားသည့် အဂတိအမှု ရုံးထုတ်စစ်ဆေး

အလုပ်နဲ့ ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ် ချမှတ်ခံထားရတဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အေးဇံကို စစ်ကောင်စီက စွပ်စွဲထားတဲ့ အဂတိအမှု ၂ မှု အတွက် ဒီဇင်ဘာ ၃၀ ရက်နေ့မှာ ရုံးထုတ် စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ဒီဗွီဘီကို ပြောပါတယ်။

အခု ရုံးချိန်းမှာတော့ စစ်ကောင်စီက တင်သွင်းထားတဲ့ တရားလိုပြ သက်သေ ၁ ဦးကို ကျိုက်မရောဗဟို အကျဉ်းထောင်ရှိ အထူးတရားရုံးမှာ စစ်ဆေးမေးမြန်းခဲ့တာ ဖြစ်ပါတယ်။

ရုံးချိန်းလာတဲ့ ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ ပြီးခဲ့တဲ့ ကိုဗစ်တတိယလှိုင်းကာလအတွင်း ရောဂါပိုး ကူးစက်ခံခဲ့ရပေမယ့် ကျန်းမာရေး ကောင်းမွန်နေတယ်လို့ တရားရုံးနဲ့နီးစပ်သူ တစ်ဦးက ပြောပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီက တာဝန်ယူစဉ် ကာလအတွင်း လုပ်ပိုင်ခွင့်ကို အသုံးပြုပြီး စီးပွားရေးလုပ်ငန်းရှင်တွေဆီက ငွေကြေးရယူခဲ့တယ်ဆိုပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ နဲ့ အမှု ၉ မှု ဖွင့်လှစ်ထားတာပါ။

အဲဒီအဂတိမှု ၉ မှုလုံးကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၃ ရက်နေ့မှာ စစ်ကောင်စီ တရားရုံးက စွဲချက်တင် အမိန့်ချမှတ်ထားတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ အဂတိအမှု ၉ မှုအပြင် ရွေးကောက်ပွဲမှာ မလျော်သြဇာသုံးတယ်ဆိုပြီး အမှု ၃ မှု အပါအဝင် အမှုပေါင်း ၁၂ မှုအတွက် တရားရင်ဆိုင်နေရတာပါ။

ဝန်ကြီးချုပ် ဒေါက်တာအေးဇံကိုတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက်နေ့မှာ စစ်ကောင်စီက အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ နိုင်ငံ့ဝန်ထမ်းတွေ ပါဝင်ပေးဖို့ တိုက်တွန်းခဲ့တယ်ဆိုတဲ့ စွပ်စွဲဖြင့် ပုဒ်မ ၅၀၅ (ခ) နဲ့ အလုပ်နဲ့ ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်ထားတာ ဖြစ်ပါတယ်။

4 months Ago
Up