close

မွမ်းမံသင်တန်း

close

February 28, 2023

ရှမ်းမြောက်တွင် ABSDF၊ PDF နှင့် KPDF ရဲဘော်များ နိုင်ငံရေး၊ စစ်ရေး မွမ်းမံသင်တန်းဆင်း

ရှမ်းပြည်မြောက်ပိုင်းမှာရှိတဲ့ ABSDF ကျောင်းသားတပ်မတော် တပ်ရင်းမှာ ဖေဖော်ဝါရီ ၂၅ ရက်က PDF ရဲဘော်တွေနဲ့ KPDF ရဲဘော် ၆၀ ကျော်ကို နိုင်ငံရေး၊ စစ်ရေး မွမ်းမံသင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

အဲဒီသင်တန်းဆင်းပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က သင်တန်းဆင်းပွဲအတွက် ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ပြီး သင်တန်းဆင်းပွဲမှာ ABSDF ရဲဘော်တွေကိုသာမက PDF နဲ့ KPDF ရဲဘော်တွေကိုပါ အောင်မြင်စွာ သင်တန်းဆင်းပေးနိုင်ခဲ့တယ်လို့ ABSDF က သင်တန်းမှူး ဗိုလ်အားခီက ပြောပါတယ်။

နိုင်ငံရေး၊ စစ်ရေး လေ့ကျင့်မွမ်းမံသင်တန်းကို ABSDF က ဦးဆောင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ABSDF က ရဲဘော် ၃၀ ဦး၊ PDF တပ်ရင်းတွေက ရဲဘော် ၂၁ ဦးနဲ့ KPDF က ရဲဘော် ၁၂ ဦး၊ စုစုပေါင်း ၆၃ ဦးကို လေ့ကျင့်သင်ကြားပေးခဲ့ပြီး အဲဒီထဲက ၆၁ ဦးကို အောင်မြင်စွာ သင်တန်းဆင်းပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ မွမ်းမံသင်တန်းကို Non Commission Officer (NCO) သင်တန်းလို့လည်း ခေါ်ဆိုနိုင်ပြီး အခြေခံစစ်ပညာသင်တန်းထက် အဆင့်မြင့်တဲ့ နိုင်ငံရေးသင်ခန်းစာတွေ၊ စစ်ရေးလေ့ကျင့်မှုတွေအပြင် စစ်မြေပြင်အတွေ့အကြုံတွေကိုလည်း  လက်တွေ့သင်ကြား ပြသပေးနိုင်ခဲ့တယ်လို့ သင်တန်းနည်းပြတဦးက ပြောပါတယ်။

ရှမ်းပြည်မြောက်ပိုင်းဒေသမှာ ABSDF အနေနဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် ၄ အထိ သင်တန်းဆင်းပေးနိုင်ခဲ့ပြီး ပထမဆုံးအကြိမ် NCO သင်တန်းအနေနဲ့ PDF၊ KPDF က ရဲဘော်တွေကိုပါ ပူးပေါင်းပါဝင် လေ့ကျင့်သင်ကြားပေးခဲ့ပါတယ်လို့ ABSDF ပြန်ကြားရေးဌာနရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

ABSDF ကျောင်းသားတပ်မတော်ဟာ လက်ရှိ နွေဦးတော်လှန်ရေးကာလမှာလည်း စစ်ကောင်စီတပ်တွေကို မဟာမိတ်အဖွဲ့တွေနဲ့အတူ လက်တွဲပြီး နေရာဒေသအသီးသီးမှာ တိုက်ပွဲဆင်နွှဲနေတာလည်း ဖြစ်ပါတယ်။

22 seconds Ago

May 30, 2022

KNDF အမျိုးသမီးတပ်ခွဲ မွမ်းမံသင်တန်းဆင်း (ဓာတ်ပုံ)

ကရင်နီ (ကယား) ပြည်နယ် ၊ ဒီးမောဆိုမြို့အခြေစိုက် ကရင်နီအမျိုးသားကာကွယ်ရေးတပ်ရင်း ၅ မှ အမျိုးသမီးသီးသန့်တပ်ခွဲ မွန်းမံသင်တန်းဆင်းပွဲကို မေ ၂၈ ရက်က ကျင်းပခဲ့တယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF B-05 က ထုတ်ပြန်ပါတယ်။ 

သင်တန်းကို မေ ၂၁ ရက်က အမျိုးသမီး အယောက် ၆၀ နဲ့ စတင်ခဲ့ပြီး ဒီးမောဆိုမြို့နယ်မှ အမျိုးသမီး အများစုနဲ့ လွိုင်ကော်မြို့ပေါ်က တော်လှန်ရေးအတွက် တိုက်ပွဲဝင်ဖို့ ရောက်လာ သူတွေ လည်းပါဝင်တယ်လို့  သိရပါတယ်။ 

ကရင်နီအမျိုးသားကာကွယ်ရေးတပ်၊တပ်ရင်း ၅  တာဝန်ရှိသူက "အမျိုးသမီးတွေရဲ့ ကြိုးစားအားထုတ်မှုဟာ ယောကျာ်းလေးတွေထက်  ပိုပါတယ်။ ကြိုးစားလေ့ကျင့်ကြတယ်။ စည်းကမ်းရှိတယ်။ ရဲရင့်ကြတယ်။ သင်တန်းပြီးရင် ရှေ့တန်းသွားချင်တဲ့ သူတွေလည်းရှိတယ်”လို့ ပြောပါတယ်။ 

အမျိုးသမီးတပ်ခွဲအတွက် လက်နက်ခဲယမ်း အဓိက လိုအပ်နေပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် ပြည်တွင်း၊ပြည်ပရှိ ထောက်ပို့အဖွဲ့အစည်းတွေထံ အကူညီတောင်းမယ်လို့ ဆိုပါတယ်။ 

9 months Ago
Up