close

မွေးနေ့ဆုတောင်း

close

June 25, 2022

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ဆုတောင်းပေးသည့် ရဲတပ်ကြပ်ကြီး ၁ ဦး ဖမ်းဆီးခံရ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည့်ရဲ့ အသက် ၇၇ နှစ်ပြည့်မွေးနေ့အတွက် ဆုတောင်းစကားကို အွန်လိုင်းပေါ်တင်မိတဲ့အတွက် ပုသိမ်မြို့အခြေစိုက် ရေကြောင်းရဲတပ်ဖွဲ့က တပ်ကြပ်ကြီး သန့်ဇင်ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက သိရပါတယ်။ 

ရေကြောင်းရဲတပ်ဖွဲ့က တပ်ကြပ်ကြီး သန့်ဇင်ဦးဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ မနက်အစောပိုင်းမှာ သူ့ရဲ့လူမှုကွန်ရက်ကနေ  “Happy Birthday ပါ သက်ရှည်ကျန်းမာပါစေ” လို့ တင်ပြီး မိနစ်ပိုင်းအတွင်း  ပြန်ဖြုတ်ချခဲ့ပေမယ့် အွန်လိုင်းပေါ်မှာ စစ်အုပ်စုက သူ့ကိုဖမ်းဆီးဖို့ လှုံဆော်ပြီးနောက်ပိုင်း ဇွန်လ ၂၀ ရက်က  ဖမ်းဆီးခံခဲ့ရတာလို့ ရဲတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ 

ဒေသခံ ရဲတပ်ဖွဲ့ဝင်တဦးက “တပ်ကြပ်ကြီးကို နောက်တနေ့ပဲလာဖမ်းသွားတာ တောင်ပေါ် (စစ်ဌာနချုပ်) ကိုဖမ်းသွားတယ်ထင်တယ်။ အဆက်သွယ်မရသေးဘူး သူ့မိသားစုကိုလည်း လိုင်းခန်းကနေ ဖယ်ပေးဖို့ပြောထားတယ်”လို့ ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ မွေးနေ့ကို ဆုတောင်းစကားပြောမိလို့ ဖမ်းဆီးခံခဲ့ရတဲ့ ရဲတပ်ကြပ်ကြီး သန့်ဇင်ဦးဟာ ရေတပ်မှာတာဝန်ထမ်းဆောင်ပြီး မြန်မာနိုင်ငံရေကြောင်းရဲတပ်ဖွဲ့ စတင်ဖွဲ့စည်းချိန်ထဲက ရဲတပ်ဖွဲ့ကို ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။ 

တပ်ကြပ်ကြီးကို နယ်ဘက်ဥပဒေတစ်ခုခုနဲ့ တရားစွဲထားတဲ့ပုံစံ မိသားစုဝင်တွေကို ပြုမှုဆက်ဆံလာတယ်လို့ ရဲတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

12 mins Ago

January 11, 2020

မြောက်ကိုရီးယားခေါင်းဆောင် မွေးနေ့ အမေရိကန်သမ္မတ ဆုတောင်းအမှာစကား ပေးပို့

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က   မွေးနေ့ဆုတောင်း အမှာစကားပေးပို့ခဲ့တယ်လို့ တောင်ကိုရီးယား အမျိုးသားလုံခြုံရေးအကြံပေး   ချောင်ယွီယုံက ဇန်နဝါရီ ၁၀ ရက်နေ့မှာ ပြောခဲ့ပါတယ်။   ဒီသီတင်းပတ်အတွင်း သမ္မတထရမ့်နဲ့ တွေ့ဆုံခဲ့တဲ့ ချောင်ယွီယုံက ထရမ့်ဟာ မြောက်ကိုရီးယား ခေါင်းဆောင်ကို ဇန်နဝါရီ ၉ ရက်မှာ မွေးနေ့ဆုတောင်း အမှာစကား ပေးပို့ခဲ့တယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ အင်ချွန်းလေဆိပ်ကို ရောက်လာချိန်မှာပဲ ချောင်ယွီယုံက ထရမ့်ဟာ ကင်မ်ရဲ့ မွေးနေ့ကို   အမှတ်ရနေပြီး သူ့ကို ဆုတောင်းစကားပါးလိုက်တယ်လို့ ပြောခဲ့တာပါ။  ဒါပေမဲ့ ထရမ့်ရဲ့ မွေးနေ့ဆုတောင်းဟာ စာနဲ့ ရေးသား ပေးပို့တာလား၊ မွေးနေ့ဆုတောင်းအပြင် တခြား ဘာတွေပါဝင်သလဲဆိုတာကိုတော့  ချောင်ယွီယုံက မပြောခဲ့ပါဘူး။ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ရဲ့မွေးနေ့ဟာ ဇန်နဝါရီ ၈ ရက် ဖြစ်တယ်လို့ ယုံကြည်ရပေမယ့် မြောက်ကိုရီးယားအစိုးရက ကင်မ်ရဲ့ မွေးနေ့ရက်စွဲကို အတည်ပြုထားတာ မရှိပါဘူး။   ကင်မ်ရဲ့ မွေးနှစ်ဟာ ၁၉၈၄ ခုနှစ်ဆိုပြီး အမေရိကန်အစိုးရက စာရင်းသွင်းထားတာမို့ ကင်မ်ဟာ ဒီနှစ်မှာ ၃၆ နှစ်ပြည့်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ 
2 years Ago
Up