အာဂျင်တီးနားနိုင်ငံရဲ့ ဂန္ထဝင်ဘောလုံးသမားကြီး မာရာဒိုနာရဲ့ မွေးနေ့အထိမ်းအမှတ် ဘောလုံးပွဲတွေကို နိုင်ငံတဝန်းမှာ ပြုလုပ်နေပါတယ်။
မာရာဒိုနာဟာ မနှစ်နိုဝင်ဘာ ၂၀ ရက်က နှလုံးရောဂါနဲ့ ကွယ်လွန်ခဲ့ပြီဖြစ်ပေမဲ့ အာဂျင်တီးနား အားကစားလောကနဲ့ ပြည်သူတွေက မမေ့နိုင်သေးဘဲ သူ့ရဲ့ ၆၁ နှစ် ပြည့်တဲ့ မွေးနေ့ အထိမ်းအမှတ် အခမ်းအနားတွေကို နိုင်ငံတဝန်း ကျင်းပနေကြတာ ဖြစ်ပါတယ်။
အာဂျင်တီးနား ဘောလုံးအဖွဲ့ချုပ်က “ဒီနှစ် သူ့မွေးနေ့ကို အမှတ်ရတာက ဘယ်တုန်းကနဲ့မှ မတူအောင်ပါဘဲ။ သူဟာ ဘယ်တော့မှ မသေတဲ့ လူတစ်ယောက်ပါ” လို့ ရေးသားထားပါတယ်။
အာဂျင်နီးနားအဖွဲ့ချုပ်ရဲ့ အစီအစဉ်နဲ့ နိုင်ငံတဝန်းလုံးက ပရော်ဖက်ရှင်နယ် ဘောလုံးကလပ်တွေက ဘောလုံးသမားတွေအားလုံး မာရာဒိုနာ ပုံနဲ့ အကျီတွေကို ဝတ်ဆင်ပြီး ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
အသင်းခေါင်းဆောင်တွေကတော့ အာဂျင်တီးနားအရောင်ဖြစ်တဲ့ အပြာနဲ့ အဖြူပါတဲ့ လက်ပတ်တွေကို ပတ်ကြမှာ ဖြစ်ပါတယ်။
မွေးနေ့အထိမ်းအမှတ် ဘောလုံးပွဲတွေကို ကျင်းပတဲ့အခါ ဝမ်းနည်းခြင်း အထိမ်းအမှတ် ငြိမ်သက်တဲ့ အစီအစဉ်လည်း ပါဝင်ပါတယ်။
နိုင်ငံတဝန်းလုံးမှာ အပျော်တမ်းအသင်းတွေ၊ လူငယ်အသင်းတွေ၊ ကလေးအသင်းတွေ အားလုံး မွေးနေ့အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲအဖြစ် ကစားကြမှာဖြစ်လို့ တနိုင်ငံလုံးမှာ ဘောလုံးပွဲပေါင်း တစ်ထောင်လောက် ကစားကြမယ်လို့ အဖွဲ့ချုပ်က မျှော်မှန်းထားပါတယ်။