close

မွေးနေ့

close

December 7, 2022

ဒေါက်တာ စင်သီယာမောင်၏ မွေးနေ့ပွဲ မယ်တော်ဆေးခန်းတွင်ကျင်းပ (ဓာတ်ပုံ)

ထိုင်း-မြန်မာနယ်စပ်မှာ အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ဒေါက်တာစင်သီယာမောင်ရဲ့ ၆၃ နှစ်မြောက် မွေးနေ့ပွဲကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ မယ်တော်ဆေးခန်းမှာ ဒီဇင်ဘာ ၆ ရက် ညနေပိုင်းက ကျင်းပပါတယ်။

မွေးနေ့ ဆုတောင်းစကားအဖြစ် ဒေါက်တာစင်သီယာမောင်က “မြန်မာပြည်သူပြည်သားတွေအားလုံး ဘေးအန္တရာယ်ကင်းကြပါစေ။ မိသားစုအားလုံးနဲ့အတူ ကိုယ့်ရပ်ရွာတွေမှာပဲ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ နေထိုင်ခွင့်ရကြပါစေ။ ကလေးတိုင်း ပညာသင်ကြားခွင့်ရကြပါစေ”လို့ မေတ္တာပေးပို့ပြောကြားသွားပါတယ်။

ဒီမွေးနေ့ပွဲကို ကျောင်းသားကျောင်းသူတွေ၊ ဆေးဝန်ထမ်းတွေ၊ ပညာရေးဝန်ထမ်းတွေနဲ့ တခြားဖိတ်ကြားထားသူတွေ  တက်ရောက်လာကြပါတယ်။

ဒေါက်တာစင်သီယာမောင်ဟာ မြန်မာနိုင်ငံမှာ ရှစ်လေးလုံးလူထုအရေးတော်ပုံအပြီး နယ်စပ်ဒေသကို ထွက်ခွာလာခဲ့ပြီး  ၁၉၈၉ ခုနှစ်ကစတင်ကာ မဲဆောက်မြို့၊ မယ်တော်အရပ်မှာ ဆေးခန်းဖွင့်လှစ်ကာ မြန်မာနိုင်ငံမှ ဒုက္ခသည်တွေ၊ မိဘမဲ့ကလေးငယ်တွေ၊ ရွှေ့ပြောင်းလုပ်သားတွေနဲ့ နိုင်ငံရေးလှုပ်ရှားသူတွေကို ယနေ့တိုင် ဆေးကုသပေးနေတာဖြစ်ပါတယ်။

ဒေါက်တာ စင်သီယာမောင်ဟာ မဲဆောက်မှာ မိဘမဲ့ ကလေးကျောင်းနဲ့ စာသင်ကျောင်းတွေ ဖွင့်လှစ်ပြီး ရွှေ့ပြောင်းကလေးငယ်တွေရဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုရေးလုပ်ငန်းတွေကိုလည်း ပရဟိတအဖြစ်ဆောင်ရွက်ပေးနေသူဖြစ်ပါတယ်။

ကရင်တိုင်းရင်းသူ ဒေါက်တာစင်သီယာမောင်ဟာ ပြည်သူတွေတွက် ကျန်းမာရေး၊ ပညာရေးနဲ့ လူမှုကူညီရေး ဆောင်ရွက်မှုတွေအတွက်  အာရှနိုဘယ်လ်ဆုလိုတင်စားခေါ်ဝေါ်တဲ့ ရေမွန်မက်ဆေးဆေးဆုအပါအဝင် နိုင်ငံတကာက ချီးမြှင့်တဲ့ ဆုပေါင်း ၁၈ ဆု ချီးမြှင့်ခံရသူ ဖြစ်ပါတယ်။

8 mins Ago

June 20, 2022

နယူးယောက်တွင်ကျင်းပသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၇) နှစ်မြောက် မွေးနေ့ဆုတောင်းပွဲ (ဓာတ်ပုံ)

မတရားဖမ်းဆီးအကျဉ်းချခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တကွ မြန်မာပြည်သူတွေအားလုံး အမြန်ဆုံးလွတ်မြောက်ရေးကို နိုင်ငံတကာက အလေးအနက်ကူညီဖို့ အမေရိကန်ပြည်ထောင်စုရောက် မြန်မာတွေက စုပေါင်းတောင်းဆိုကြပါတယ်။

ဇွန်လ ၁၉ ရက်မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့  (၇၇) နှစ်မြောက် မွေးနေ့အထိမ်းအမှတ်ပွဲကို နယူးယောက်မြို့ရှိ Flatiron Public Plaza မှာ ကျင်းပ တောင်းဆိုခဲ့ကြတာပါ။

မွေးနေ့ပွဲနဲ့အတူ ဘာသာပေါင်းစုံ ဆုတောင်းမေတ္တာပို့သခြင်းအစီအစဉ်ကိုလည်း ပြုလုပ်ပြီး ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း၊ ကဗျာဆရာ မောင်စွမ်းရည်နဲ့   ပန်ဆယ်လိုတို့ကလည်း  ဆုတောင်းမိန့်ခွန်းတွေ ပြောကြားခဲ့ပါတယ်။ 

နိုင်ငံ့ခေါင်းဆောင်တွေကို ဖမ်းဆီးတရားစွဲဆိုနေတာ၊ တရားလက်လွတ် သေဒဏ်ချမှတ်တာတွေလုပ်နေတဲ့ အာဏာသိမ်းစစ်ကောင်စီကို အဆုံးတိုင် ဆက်လက်ဆန့်ကျင်ပြီး တရားမျှတတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်လာတဲ့အထိ ပြည်သူအားလုံး ပူးပေါင်း ပါဝင်လုပ်ဆောင်သွားကြဖို့ကိုလည်း  သံအမတ်ကြီးဦးကျော်မိုးထွန်းက တိုက်တွန်းသွားပါတယ်။

ဒါ့အပြင် အဆိုတော်လင်းနစ်နဲ့ ကျော်သီဟတို့ကလည်း အမေသီချင်းနဲ့ သီဆို ဆုတောင်းပေးခဲ့ကြပါတယ်။ 

NYCBC (New York City Burmese Community) နဲ့ H2B (Helping Hands for Burma) အဖွဲ့တို့က စီစဉ်တဲ့  မွေးနေ့အထိမ်းအမှတ်ပွဲကို နယူးယောက်မြို့နေ မြန်မာနွယ်ဖွား တိုင်းရင်းသား ၁၀၀၀ နီးပါး တက်ရောက်ပြီး  စေတနာရှင်တွေက အစားအသောက်တွေနဲ့ လာရောက်ကျွေးမွေးလှူဒါန်းခဲ့ကြပါတယ်။

6 months Ago
Up