close

မှတ်ပုံတင်စာရင်းက ပယ်ဖျက်ခံရ

close

October 21, 2021

ပြည်တွင်းကုမ္ပဏီ ၁၀၀၀ မှတ်ပုံတင်စာရင်းက ပယ်ဖျက်ခံရ

ပြီးခဲ့တဲ့ ၃ လကျော်ကာလအတွင်း ကုမ္ပဏီမှတ်ပုံတင် စာရင်းကနေ ပယ်ဖျက်ခြင်းခံရတဲ့ ကုမ္ပဏီအရေအတွက် ၁၀၀၀ လောက်ရှိပြီလို့  စစ်ကောင်စီ လက်အောက်ခံ ရင်းနှီးမြှပ်နှံမှုနဲ့ ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနရဲ့ စာရင်းအချက်အလက်တွေအရ  သိရပါတယ်။

ဇူလိုင်လမှာ ကုမ္ပဏီ ၃၀၀၊ ဩဂုတ်လမှာ ကုမ္ပဏီ ၂၀၀ ၊ စက်တင်ဘာလအတွင်း ကုမ္ပဏီ ၃၀၀ ပယ်ဖျက်ခံရပြီး အခုအောက်တိုဘာလမကုန်ခင်မှာဘဲ နောက်ထပ်  ကုမ္ပဏီ ၂၀၀ တို့ မှတ်ပုံတင်စာရင်းက ပယ်ဖျက်ခဲ့တာပါ။

နှစ်စဉ်အစီရင်ခံစာ (Annual Return) တင်ပြဖို့ပျက်ကွက်ခဲ့တဲ့အတွက်   မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေအရ မှတ်ပုံတင်စာရင်းက ပယ်ဖျက်(Struck Off) လိုက်တာလို့  အဆိုပါဌာနက ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေမှာ   သတ်မှတ်ကာလအတွင်း နှစ်စဉ်အစီရင်ခံစာ တင်ပြဖို့ ပျက်ကွက်တဲ့ ကုမ္ပဏီတွေကို မှတ်ပုံတင်စာရင်းက ပယ်ဖျက်သွားမည်လို့ ပြဋ္ဌာန်းထားပြီး၊ ပယ်ဖျက်ခံရတဲ့ ကုမ္ပဏီတွေဟာ  မိမိ ကုမ္ပဏီကို ဆက်လက်အသက်သွင်းလိုပါက တရားရုံးကို ဦးတိုက်လျှောက်ထားရမှာဖြစ်တယ်လို့ ဆိုပါတယ်။ 

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် ပြည်တွင်းက မြန်မာနိုင်ငံသားပိုင်လုပ်ငန်းတွေအပြင် နိုင်ငံခြားသားရင်းနှီးမြှပ်နှံမှုနဲ့ ဆောင်ရွက်တဲ့ လုပ်ငန်းတွေပါ စီးပွားရေးလုပ်ကိုင်ရ ခက်တဲ့အနေအထားကြောင့် လုပ်ငန်း ရပ်ဆိုင်းရတာတွေ ရှိနေပါတယ်။ 

ကမ္ဘာ့ဘဏ်ကနောက်ဆုံး ထုတ်ပြန်ထားတဲ့ COVID-19 Firm Survey Round - 8  စစ်တမ်းမှာတော့  စစ်အာဏာရှင်လက်ထက်  ဇွန် ၊ဇူလှိုင်၊ သြဂုတ် ၃လအတွင်း လုပ်ငန်းလည်ပတ်မှု ယာယီရပ်ဆိုင်းရတဲ့ စီးပွားရေး လုပ်ငန်းအရေအတွက်ဟာ ၄ ဆအထိမြင့်တက်လာတယ်လို့ ဆိုထားပါတယ်။

PHOTO- DICA

DICA ဆိုင်းပုဒ်ပုံနဲ့ တင်ရန်

5 seconds Ago
Up