close

မှော်ဘီလေတပ်

close

February 19, 2022

မှော်ဘီလေတပ်တွင် ဗုံးခွဲခံရပြီး တိုက်လေယာဉ် ၂ စီး ထိခိုက်ပျက်စီး

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်က စစ်ကောင်စီရဲ့ လေတပ်စစ်ဌာနချုပ်ကို ဝင်ရောက်ပြီး ဖေဖော်ဝါရီ ၁၈ ရက် ‌မနေ့ညက  ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ People Force ပြည်သူ့အင်အားစု ရန်ကုန်က ဒီကနေ့ မနက် ထုတ်ပြန်လိုက်ပါတယ်။

တိုင်းရင်းသားဒေသတွေကို ဗုံးကြဲတိုက်ခိုက်နေတဲ့ Fighter ဂျက်လေယာဉ်တွေ ထားရှိတဲ့နေရာကို တော်လှန်ရေးရဲဘော်တွေက ဝင်ရောက်ကာ လေယာဉ်ကို ဗုံးဆင်ခဲ့ပြီး ည ၁၁ နာရီ ၄၀ မိနစ်မှာ အဝေးထိန်းခလုတ်နှိပ်ဖောက်ခွဲခဲ့တာလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ပျက်စီးသွားတဲ့ တိုက်လေယာဉ်နှစ်စီးဟာ YAK 130 တိုက်လေယာဉ်တွေဖြစ်ပြီး လေယာဉ်အမှတ် 1802 နဲ့ 1803 တို့ဖြစ်တယ်လို့ PVTV သတင်းဌာနမှာလည်း ဖော်ပြထားပါတယ်။ 

အဆိုပါ ဖြစ်စဉ်အသေးစိတ်ကိုတော့  ဒီဗွီဘီအနေနဲ့ သီးခြားအတည်ပြုနေဆဲ ဖြစ်ပါတယ်။

1 min Ago
Up