close

ယင်းတော်တိုက်နယ်ဆေးရုံ

close

July 20, 2021

ကျန်းမာရေးဝန်ထမ်းများ ကိုဗစ်ကူးခံရသဖြင့် ယင်းတော်တိုက်နယ်ဆေးရုံကို လော့ဒေါင်းချ

မန္တလေးတိုင်း ပျော်ဘွယ်မြို့နယ် ယင်းတော်တိုက်နယ်ဆေးရုံမှာ  ဝန်ထမ်းတွေနဲ့ မိသားစုဝင် ၁၉ ဦး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရတာကြောင့် ဇူလိူင် ၁၉ ရက်နေ့က စတင်ပြီး ၁၄ ရက်  လော့ဒေါင်းချလိုက်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ပျော်ဘွယ်မြို့မှာက ကိုဗစ်ကုသရေးစင်တာ ၃ ခုရှိတယ်။ မြို့နယ်ဆေးရုံ၊ ယင်းတော်တိုက်နယ်ဆေးရုံ၊ ရနောင်တိုက်နယ်ဆေးရုံတွေမှာ ကိုဗစ်ပိုးတွေ့လူနာတွေများတော့ ဆေးရုံမှာထားရမယ့် လူနာအရေအတွက်ထက်ကျော်ပြီး ကုသပေးနေရတယ်။ ကျန်းမာရေးဝန်ထမ်းတွေကလည်း အနီးကပ်စောင့်ရှောက်ရတော့ ရောဂါကူးကုန်တာပေါ့။ သူတို့ကတဆင့် မိသားစုတွေပါ ကူးတယ်။”

ပျော်ဘွယ်မြို့နယ် ယင်းတော်တိုက်နယ်ဆေးရုံမှာ ကိုဗစ်အတည်ပြုလူနာ ၃၀ ကျော်ထားရှိရာက ကျန်းမာရေးဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေကိုပါ ကူးစက်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

ပျော်ဘွယ်မြို့နယ်မှာ ဇူလိူင် ၁၉ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာပေါင်း ၂၅၁ ဦးအနက် ရောဂါပျောက်ကင်းပြီး ဆေးရုံကဆင်းသွားသူ ၅၁ ဦးနဲ့ သေဆုံးသူ ၄ ဦးရှိပါတယ်။

ပျော်ဘွယ်မြို့နယ်မှာ မြို့နယ်ဆေးရုံတရုံနဲ့ တိုက်နယ်ဆေးရုံ ၆ ရုံ ဆေးရုံစုစုပေါင်း ၇ ခုရှိတဲ့  မြို့နယ်တစ်ခုဖြစ်ပါတယ်။

2 mins Ago
Up