close

ယင်းမာပင်ခရိုင်ရုံး

close

March 28, 2022

ယင်းမာပင်ခရိုင်ရုံးရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်စုပေါင်းရုံးမှာ မတ်လ ၂၇ ရက်မနက်က  တော်လှန်ရေးနေ့နဲ့ ဆေးရုံဖွင့်ပွဲကျင်းပဖို့ ရောက်ရှိနေတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး  ၂၀ ကျော် ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။

မတ်လ ၂၆ ရက် ည ၉ နာရီလောက်က  ဆရာစံ YMB-PDF တပ်ဖွဲ့ ၊ ရွှေတြိဂံ- PDF တပ်ဖွဲ့ နဲ့ ဒေသခံတွေပူးပေါင်းအဖွဲ့က လက်နက်ကြီး လက်ငယ်တွေနဲ့ စတင်တိုက်ခိုက်ခဲ့ပြီး မတ်လ ၂၇ ရက် ညနေပိုင်း ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ ဆရာစံ YMB-PDF တပ်ဖွဲ့က ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီက တော်လှန်ရေးနေ့ကို တပ်မတော်နေ့အဖြစ်ပြောင်းလဲ သတ်မှတ်ထားတာကြောင့်  တပ်မတော်နေ့ကျင်းပလို့မရအောင် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က အယောက် ၂၀ ကျော် ထိခိုက်ဒဏ်ရာ ရခဲ့ပေမဲ့ သေဆုံးမှုရှိမရှိတော့  မသိရသေးပါဘူး။

စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေအနေနဲ့ စစ်တပ်လက်အောက်မှာ ကျွန်မခံပဲ ပြည်သူနဲ့အတူ ပူးပေါင်းပေးကြဖို့ ဆရာစံ YMB-PDF အဖွဲ့က တောင်းဆိုထားပါတယ်။

1 min Ago
Up