close

ယင်းမာပင်နှင့်ဆားလင်ကြီး

close

May 15, 2021

ယင်းမာပင်နှင့်ဆားလင်ကြီးမြို့နယ်နေသူများ စစ်အာဏာရှင်ကို အင်အားထောင်ချီ ဆန္ဒပြ

စစ်ကိုင်းတိုင်း ယင်းမာပင်နဲ့ဆားလင်းကြီးမြို့နယ်တို့က ​ကျေးလက်​နေပြည်သူ​အင်အား ထောင်ချီဟာ စစ်အာဏာရှင် အပြီးတိုင်ချုပ်ငြိမ်း​ရေးနဲ့ စစ်ကျွန်ပညာ​ရေးစနစ် အလိုမရှိ​ကြောင်း မေ ၁၅ ရက်က ဆန္ဒ​ပြခဲ့ကြပါတယ်။

ဆန္ဒပြပွဲပါဝင်တဲ့ အမျိုးသမီးငယ်တစ်ဦးက "ဦးနင်းရင်း ပဲ့​ထောင်တယ်၊ ပဲ့နင်းရင်း ဦး​ထောင်တယ်ဆိုတဲ့ မင်း​အောင်လှိုင်နဲ့ အ​ပေါင်းပါတစ်စုကို​ ပြောချင်ပါတယ်။ ကျမတို့ ပြည်သူ​တွေက ​အောင်စိတ်နဲ့​တော်လှန်​တာဖြစ်လို့ ပြည်သူ​တွေက လက်ခုပ်ထဲက ​ရေမဟုတ်ဘူး၊ မှန်ကွဲစ​တွေ ဖြစ်လို့ ဆုပ်ရဲရင် ဆုပ်ကြည့်လိုက်ပါ" လို့ ​ပြောပါတယ်။

ဒီက​နေ့လုပ်တဲ့ မြို့နယ်ပူး​ပေါင်းသပိတ်ဟာ စစ်အာဏာရှင်ကို​ တော်လှန်ခဲ့တာ ရက်​ပေါင်း ၆၆ ရက်​ရှိပြီ ဖြစ်ပါတယ်။

10 mins Ago
Up