close

ယင်းမာပင်နှင့်ဆားလင်းကြီး

close

July 23, 2021

ယင်းမာပင်နှင့်ဆားလင်းကြီး ရွာ​ပေါင်းစုံ ပူးပေါင်းသပိတ်စစ်​ကြောင်း ဖြိုခွင်းခံရ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်အ​ရှေ့ခြမ်းနဲ့ ဆားလင်းကြီးမြို့နယ်​မြောက်ခြမ်းတို့က ​ကျေးလက်​ပြည်သူ စု​ပေါင်းလုပ်တဲ့ ရွာ​ပေါင်းစုံသပိတ်စစ်​ကြောင်းကို စစ်ကောင်စီတပ်က ဇူလိုင် ၂၃ ရက်​ မနက်ပိုင်း ၉ နာရီခွဲဝန်းကျင်လောက်က ဖြိုခွင်းခဲ့တယ်လို့ ဆန္ဒပြရာမှာပါဝင်သူ တစ်ဦးက ပြော ပါတယ်။

ရွာပေါင်းစုံသပိတ်စစ်ကြောင်းကို ဆားလင်းကြီးမြို့နယ် ဂုဏ်​တော​ကျေးရွာအနီးမှာ စစ်​ကောင်စီတပ်က သေနတ်တွေ ပစ်​ဖောက်ပြီး ဖြိုခွဲခဲ့သလို ​ကျေးရွာအတွင်း​တွေအထိ လိုက်လံ ပစ်ခတ်​နေ​ကြောင်း ဆန္ဒပြရာမှာပါဝင်တဲ့သူ တစ်ဦးက ​ပြောပါတယ်။ 

လက်ရှိအချိန်မှာ ​ဒေသခံပြည်သူ​တွေ ထွက်​ပြေး​နေရပြီး ထိခိုက်​သေဆုံးမှုနဲ့ ဖမ်းဆီးခံရတဲ့ အ​ခြေအ​နေစာရင်းကိုတော့  မသိရ​သေးဘဲ ဒီဗွီဘီက စုံစမ်းမေးမြန်းနေဆဲ ဖြစ်ပါတယ်။

10 mins Ago

May 16, 2021

ယင်းမာပင်နှင့်ဆားလင်းကြီး ကျောင်းသား၊ မိဘနှင့်ဆရာများ ပူးပေါင်းဆန္ဒပြ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်တို့က ​​ကျောင်းသား မိဘ ဆရာ ပူး​ပေါင်းပြီး စစ်အာဏာရှင်အပြီးတိုင်ချုပ်ငြိမ်း​ရေးနဲ့ စစ်ကျွန်ပညာ​ရေးစနစ်အလိုမရှိ​ကြောင်း ၆၇ ရက်​မြောက်​နေ့ ဆန္ဒပြပွဲကို ​မေလ ၁၆ ရက်​နေ့က ဆက်လက်ပြုလုပ်ခဲ့တာပါ။

အခုလို လမ်း​ပေါ်ထွက် ဆန္ဒပြရတာဟာ စစ်ဖိနပ်​အောက်မှာ ပညာမသင်ချင်လို့ဖြစ်ပြီး စစ်အာဏာရှင်​တော်လှန်​ရေးမှာ ပါဝင်​နေတဲ့ ကျောင်းသားလူငယ်များကို လူကြီး​တွေအ​နေနဲ့ မပိတ်ပင်ကြဖို့ ဆန္ဒပြရာမှာပါဝင်တဲ့ ​ကျောင်းသူ​တဦးက ​ပြောပါတယ်။

ဒါ့အပြင် CDM ဝန်ထမ်း​တွေအ​နေနဲ့လည်း လူငယ်များရဲ့အနာဂတ်ဘဝလှပဖို့အတွက် Non CDM မပါဝင်ကြဖို့ ​​​တောင်း​ဆိုခဲ့ပါ​သေးတယ်။

2 months Ago
Up