close

ယင်းမာပင်နှင့် ဆားလင်းကြီ;

close

May 14, 2021

ယင်းမာပင်နှင့် ဆားလင်းကြီးဒေသက ကျေးလက်နေပြည်သူများ စစ်အာဏာရှင်ကို ဆန္ဒပြ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်တို့ပူး​ပေါင်းပြီး စစ်အာဏာရှင်အပြီးတိုင်ဖြုတ်ချ​ရေးနဲ့ စစ်ကျွန်ပညာ​​ရေးအလိုမရှိ​ကြောင်းဆန္ဒ​ဖော်ထုတ်ပွဲကို ​မေလ ၁၄ ရက်​နေ့က အင်အား​ထောင်ချီနဲ့ ပြုလုပ်ခဲ့ကြပါတယ်။

ဆန္ဒပြရာမှာပါဝင်တဲ့ ပြည်သူတစ်ဦးက "အခု CDM လုပ်ထားတဲ့သူ​တွေဟာ သူရဲ​ကောင်း​တွေဖြစ်တယ်။ ကျမတို့ရဲ့ မြင်ကွင်းအာရုံ​တွေထဲမှာ ​ပျောက်ကွယ်​ကောင်း ​ပျောက်ကွယ်နိုင်​ပေမယ့် နှလုံးသားထဲမှာ​တော့ အမြဲရှိ​နေမှာ"လို့  ​ပြောပါတယ်။

မြို့နယ်ပူး​ပေါင်းသပိတ်ဟာ ​မြောက်ယမား​ချောင်း​အနီးက ယင်းမာပင်မြို့နယ် အ​ရှေ့ပိုင်းက ​ကျေးရွာ​တွေနဲ့ ဆားလင်းကြီးမြို့နယ် ​မြောက်ပိုင်းက ​ကျေးရွာ​တွေစု​ပေါင်းပြီး စစ်အာဏာရှင်အပြီးတိုင်ဖြုတ်ချ​ရေးသပိတ်ကို နေ့တိုင်း ပုံစံအမျိုးမျိုးနဲ့ ပြုလုပ်နေတာ ဖြစ်ပါတယ်။

4 mins Ago
Up