close

ယင်းမာပင်လမ်းပိုင်း

close

April 4, 2022

သင်္ကြန်ကာလ ယင်းမာပင်လမ်းပိုင်းများ ဖြတ်သန်းသွားလာခြင်းမပြုရန် ​ဒေသခံ PDF သတိပေး

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ်အတွင်းရှိ လမ်းပိုင်းများကို ​သင်္ကြန်ကာလ အသုံးမပြုကြဖို့ ​ဒေသခံ ​ဒေါင်းမင်း PDF အဖွဲ့က အသိ​ပေးတားမြစ်ထားပါတယ်။

သွားလာမှုကန့်သတ်ထားတဲ့ အဓိကလမ်းတွေက​တော့ မုံရွာနဲ့ယင်းမာပင်မြို့ကို ဆက်သွယ်ထားတဲ့ လမ်းတွေနဲ့ ယင်းမာပင်မြို့​​ပေါ် လမ်းပိုင်းတွေဖြစ်ပြီး ဧပြီ  ၁၂ ရက်က​နေ ၁၇ ရက် (နှစ်ဆန်းတစ်ရက်)​ နေ့အထိ သွားလာခြင်းမပြုလုပ်ကြဖို့ ​ဒေါင်းမင်း PDF အဖွဲ့​ခေါင်း​ဆောင် ဗိုလ်စက္ကက​ ပြောပါတယ်။

စစ်​ကောင်စီကကျင်းပမယ့် သင်္ကြန်ပွဲကို ဆန့်ကျင်တဲ့အ​နေနဲ့ အခုလို တားမြစ်ရတာဖြစ်ပြီး စစ်​ကောင်စီကို နည်းမျိုးစုံသုံး ​တော်လှန်မှာဖြစ်တာ​ကြောင့် ပြည်သူ​တွေမထိခိုက်​စေချင်တဲ့ ဆန္ဒ​ကြောင့်လို့ ဆိုပါတယ်။

သင်္ကြန်ပွဲ​ သွားတဲ့သူတွေဟာလည်း စစ်​ကောင်စီကို အား​ပေးအား​မြှောက်ပြုသလို သက်​ရောက်မှာဖြစ်​ပြီး ကြိုတင်အသိ​ပေး တားထားတဲ့ကြားက သွားလာ​ခဲ့ပါက ဖြစ်လာမယ့် အကျိုးဆက်တွေအတွက် ​​​ဒေါင်းမင်း PDF အဖွဲ့အ​နေနဲ့ တာဝန်ယူ​ဖြေရှင်းမှာမဟုတ်ဘူးလို့လည်း ​ပြောပါတယ်။

ပြည်သူတွေအ​နေနဲ့ စစ်​ကောင်စီကကျင်းပမယ့် ပွဲ​တော်တွေမျာ ပူး​ပေါင်းပါဝင်တာ မပြုလုပ်ကြဘဲ သပိတ်​မှောက်ကြဖို့လည်း တိုက်တွန်းထားပါ​တယ်။

2 mins Ago
Up