close

ယာစောင့်တဲ

close

February 22, 2022

ကလေးမြို့နယ်တွင် စစ်ကောင်စီတပ်က ယာစောင့်တဲများကို မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းမှာ စစ်ကောင်စီတပ်သားတွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းက စပြီး ဒေသတွင်း စစ်ကြောင်းထိုးရာမှာ လမ်းတလျှောက်မှာရှိတဲ့ ဒေသခံတွေရဲ့တောင်ယာထဲက တဲအိမ်တွေကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၂ ရက်က   စစ်ကြောင်းချီလာတဲ့ စစ်ကောင်စီတပ်တွေဟာ လမ်းမှာတွေ့တဲ့ ယာစောင့်တဲတွေကို အကုန်မီးရှို့ခံခဲ့ရပြီး နတ်ချောင်းကျေးရွာမှာတော့ လယ်စောင့်တဲ ၅ လုံး မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

စစ်ကောင်စီတပ်ဖွဲ့တွေအ ကျေးရွာအတွင်းကို စစ်ကြောင်းတွေ ထိုးနေတာကြောင့် တောင်တောင်တွေရှိတဲ့နေရာမှာ ဒေသခံရွာသားတွေ  ထွက်ပြေးတိမ်းရှောင်နေကြရပြီး စစ်ဘေးရှောင်တွေရှိတဲ့ တဲတွေကိုပါ မီးရှို့ဖျက်ဆီးနေတာကြောင့် ထပ်မံထွက်ပြေး တိမ်းရှောင်နေရတယ်လို့  ဆိုပါတယ်။

ဒီကနေ့ဟာ ၂ ခြောက်လုံး စည်ကားသပိတ်နေ့ဖြစ်တာကြောင့် ကလေးမြို့တွင်းမှာလည်း ရဲကား၊ စစ်ကားတွေနဲ့ ကင်းလှည့်နေတယ်လို့သိရပါတယ်။

9 mins Ago
Up