close

“ယာစ် (YAAS)”

close

May 26, 2021

ဆိုင်ကလုန်းမုန်တိုင်း “ယာစ် (YAAS)” အားလျော့သွားမည်ဟု မိုးဇလထုတ်ပြန်

ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းမှာဖြစ်ပေါ်နေတဲ့ အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း “ယာစ် (YAAS)” ဟာ နောက် ၆ နာရီအကြာမှာ ကုန်းတွင်းကို ဝင်ရောက်သွားမှာဖြစ်ပြီး အားလျော့သွားမယ်လို့  မိုးလေဝသနဲ့ ဇလဗေဒဌာနက သတင်းထုတ်ပြန်ပါတယ်။

ဒီည ၇ နာရီမှာ ထုတ်ပြန်တာဖြစ်ပြီး မုန်တိုင်းဟာ အိန္ဒိယနိုင်ငံ၊ မြောက်ပိုင်းကမ်းခြေကို  ဘလာဆော(Balasore)မြို့တောင်ပိုင်းနားက‌နေ ဖြတ်ကျော်ခဲ့ပြီး၊ အနောက်မြောက်ဘက်ကို ရွေ့လျားလို့ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် အားလျော့သွားခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါဆိုင်ကလုန်းမုန်တိုင်းဟာ အနောက် မြောက်ဘက်ကိုဆက်လက်ရွေ့လျားပြီး နောက် ၆ နာရီအတွင်း ကုန်းတွင်းမုန်တိုင်း အဖြစ်၊ နောက် ၁၂ နာရီအတွင်း ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် တဖြည်းဖြည်း အားလျော့သွားမယ်လို့ ခန့်မှန်းထားပါတယ်။

Photo Credit- Moezala

11 hours Ago
Up