close

ယာဉ်ကြောပိတ်

close

July 24, 2022

အိန္ဒိယတွင် မိုးသည်းထန်ပြီး ယာဉ်ကြောပိတ်

အိန္ဒိယနိုင်ငံရဲ့ နေရာအနှံ့အပြားမှာ မိုးသည်းသည်းမည်းမည်း ရွာနေလို့ ဇူလိုင် ၂၃ ရက်က ယာဉ်ကြောပိတ်ဆို့ခဲ့ ပါတယ်။

ဂျမူးနဲ့ ကက်ရ်ှမီးယားပြည်နယ်တွေရဲ့ နွေရာသီမြို့တော် စရီနာဂါမှာ ရေကြီးနေတဲ့ လမ်းတွေပေါ်မှာ မော်တော်ယဉ်တွေ ဖြတ်သွားတာကို မြင်တွေ့ရပါတယ်။ အိန္ဒိယနိုင်ငံတောင်ပိုင်း တေလန်ဂါနာပြည်နယ်မှာ ရေကြီးနေ ပါတယ်။

လူဦးရေ ၁ ဒသမ ၃ ဘီလီယံရှိတဲ့ အိန္ဒိယဟာပြည်သူတွေ အများစုက စိုက်ပျိုးရေးကို အားကိုးကြတာပါ။

ဒါပေမဲ့  မိုးအလွန်အကျွံရွာလို့ ရေကြီးတာ၊ မြေပြိုတာနဲ့ ရေကြောင့် ဖြစ်တဲ့ ရောဂါတွေ မုတ်သုံ ရာသီအတွင်း ဖြစ်ပွားလေ့ ရှိပါတယ်။

3 hours Ago

July 18, 2021

ရန်ကုန် သုသာန်များ၌ နိဗ္ဗာန်ယာဉ် တစ်စီးဝင်တစ်စီးထွက်စနစ်ဖြင့် မီးသင်္ဂြိုဟ်ခွင့်ပေးသဖြင့် ယာဉ်ကြောပိတ်

ရန်ကုန်မှာ ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးသူတွေ ပိုများလာပြီး  သုသာန်တွေမှာ ရုပ်အလောင်း တင်ကားတွေကို တစ်စီးဝင် တစ်စီးထွက်စနစ်နဲ့ပဲ မီးသင်္ဂြိုဟ်ခွင့်ပေးတဲ့အတွက် ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပေါ်နေပါတယ်။

ဇူလိုင် ၁၈ ရက်နေ့အထိ ရန်ကုန်မြို့မှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးနှုန်း ဆက်လက် မြင့်တက်နေဆဲဖြစ်ပြီး သုသာန်တွေမှာလည်း  ရုပ်အလောင်းတင်ထားတဲ့ နိဗ္ဗာန်ယာဉ်တွေ၊  ပရဟိတကားတွေနဲ့ ပြည့်နှက်နေပါတယ်။

ဆေးရုံဆေးခန်းတွေမှာ ကွယ်လွန်တဲ့သူတွေကိုတော့ သုသာန် အအေးခန်းမှာထားခွင့်ပေးထားပြီး ရပ်ကွက်တွေထဲက နေအိမ်မှာ ကွယ်လွန်ရင်တော့ နေ့ခြင်းပြီး သင်္ဂြိုဟ်ကြရပါတယ်။ ရန်ကုန်မြို့ ထိန်ပင်၊ ရေဝေး၊ ကျီစု၊ ကျူချောင်း သုသာန် ၄ ခုမှာ  ဇူလိုင် ၁၂ရက်နေ့ကစပြီး တစ်ရက်ကို ရုပ်အလောင်း ၆၀၀ ကျော် ၇၀၀နီးပါး မီးသင်္ဂြိုဟ်ရတာဖြစ်ပါတယ်။ 

ပရဟိတသမားတစ်ဦးက "နိဗ္ဗာန်ယာဉ်တွေက တစီးပြီးမှတစီးဝင်ရတယ်။ သေဆုံးနှုန်းကတော့ မလျော့သေးဘူး ဒီအတိုင်းပဲ။ ယာဉ်တွေနဲ့ ရုပ်အလောင်းတွေနဲ့ နံပတ်တပ်ထားတယ်။ ကျော်ပြီးသွားလို့မရဘူး။ ဘယ်တတ်နိုင်မလဲ လည်စင်းပြီးခံရုံပေါ့"လို့ ပြောပါတယ်။ 

မြေပြင်မှာအကူအညီပေးနေတဲ့ ပရဟိတဆရာဝန်တွေကတော့ ဇူလိုင် ၁၈ ရက်နေ့မှာ သေဆုံးလူနာပိုများလာတဲ့အတွက် ကုသရေးကားတွေကို နာရေးကားတွေအဖြစ် အသွင်ပြောင်းနေရတယ်လို့ဆိုပါတယ်။

ဒီလိုအခြေအနေတွေဖြစ်လာရတာဟာ အာဏာသိမ်းစစ်ကောင်စီအနေနဲ့ ရောဂါကာကွယ် ရေးလုပ်ရမယ့်အချိန်မှာ  မလုပ်ခဲ့တာကြောင့်ဖြစ်ပြီး လက်ရှိမှာတော့ အချိန်နှောင်းသွားပြီလို့  ကျန်းမာရေးဝန်ထမ်းတွေက ပြောပါတယ်။ 

ပရဟိတဆရာဝန်တစ်ဉီးက "မနေ့က ၆ လောင်း ပဲသယ်ရသေးတယ်။ ဒီနေ့များလာတယ်။ အချိန်မမီတာတွေ၊  ကုသမှုခံယူမှု အားနည်းတာတွေ၊ ဘက်ပေါင်းစုံလာတဲ့အခါ ထိန်းချုပ်ဖို့ ခက်ခဲနေတဲ့သဘောပါ။ ကျနော်တို့မှာ ဝမ်းနည်းရုံမှတပါး ဘာမှမလုပ်ပေးနိုင်ဘူးဖြစ်နေတယ်။ ဘာလို့လဲဆို အချိန်နောက်ကျခဲ့တာကိုး"လို့ ပြောပါတယ်။

ရန်ကုန်မှာ ကိုဗစ်ကူးစက်မှုမြင့်တက်ပြီး ပြည်သူတွေအခက်အခဲကြုံနေရတာ သေဆုံးနှုန်းမြင့်တက်နေတာတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီလက်အောက်ခံကျန်းမာရေးဌာန၊ မြို့နယ်ကျန်းမာရေးဉီးစီးမှူး တစ်ယောက်ကို ဆက်သွယ်မေးမြန်းတဲ့အခါမှာ ဆရာဝန်တွေက တတ်နိုင်သလောက် ကြိုးစားပေးနေပြီး သေဆုံးလူနာတွေအတွက် အပြစ်ကင်းတယ်လို့ မပြောချင်ဘူးလို့ ဆိုပါတယ်။ 

မြို့နယ်ကျန်းမာရေးဉီးစီးမှူး ဆရာဝန်တစ်ဉီး "ဒီအချိန်အခါမှာတော့ ဘယ်သူ့ကိုမှ အပြစ်မတင်ချင်ဘူး။ ဒါပေမဲ့ လူ့ အသက်တွေဖြစ်တဲ့အတွက်ကြောင့် ကိုယ်လုပ်စရာရှိတာကိုတော့ လုပ်ရတယ်။ ကိုယ်အတတ်နိုင်ဆုံးတော့လုပ်ပေးနေတယ်။ ဒါပေမဲ့ ငါလည်းပဲ အပြစ်ကင်းတဲ့သူ တစ်ယောက်တော့ မဟုတ်ဘူးပေါ့ "လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ တရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုအသစ် ၅,၄၉၇ ယောက်၊ သေဆုံးသူ  ၂၃၃  ယောက်ရှိခဲ့ပြီး ရောဂါကူးစက်ခံရသူ အတည်ပြုလူနာ စုစုပေါင်း ၂၂၄,၂၃၆  ယောက်ထိရှိလာပြီလို့ စစ်ကောင်စီ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဇူလိုင် ၁၇ ရက်ညမှာ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဌာနကထုတ်ပြန်တဲ့ နေ့စဉ်ကိုဗစ်ကူးစက်ခံရတဲ့နှုန်းနဲ့ သေဆုံးနှုန်းတွေထက် မြေပြင်မှာ သေဆုံးနှုန်း ပိုများနေတယ်လို့ပရဟိတအဖွဲ့တွေက ဆိုကြပါတယ်။

ကိုဗစ်ကြောင့် သေဆုံးနှုန်းလျော့ကျလာအောင် စစ်ကောင်စီက စနစ်တကျဖြေရှင်းပေးတာမျိုး မရှိသေးတဲ့အတွက် နိုင်ငံတကာအဖွဲ့အစည်းတွေ မြန်မာပြည်ကိုလာရောက် အကူအညီပေးဖို့ ပရဟိတသမားတွေက မျှော်လင့်နေကြပါတယ်။

PHOTO- ဘိုစိန် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့(ရန်ကုန်)

1 year Ago
Up