close

ယာဉ်စစ်ဆေးသည့်နေရာ

close

March 2, 2022

မန္တလေး ယာဉ်စစ်ဆေးသည့်နေရာတွင် ဗုံးကွဲပြီး ရဲတပ်သား ၂ ဦး ဒဏ်ရာရ

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊  ၁၁၇ လမ်း (ကျန်စစ်သားလမ်း)နဲ့ ရန်ကုန် - မန္တလေး ကားလမ်းဆုံမှာ မတ်လ ၂  ရက် ညနေ ၄  နာရီကျော်က ယာဉ်စစ်ဆေးနေချိန် ဗုံးပေါက်ကွဲလို့ ရဲတပ်သား ၂ ယောက်  ဒဏ်ရာရခဲ့ပြီး ကားတစီး ဗုံးစမှန်ကာ အနည်းငယ် ထိခိုက်ပျက်စီးသွားပါတယ်။

“ပေါက်တဲ့ အချိန်မှာတုန်းကတော့ ရှိမနေဘူး။ ရဲနှစ်ယောက်ကိုတော့ ဒဏ်ရာရလို့ ကားနဲ့ ခေါ်သွားတယ်ကြားတယ်။” လို့ ပြည်ကြီးတံခွန်မြို့နယ်မှာ နေထိုင်သူတယောက်က ပြောပါတယ်။

ဗုံးပေါက်ကွဲမှု​ကြောင့် ပြည်ကြီးတံခွန်မြို့မရဲစခန်းက ရဲတပ်သား ငြိမ်းချမ်းအောင်မှာ ဒူးနဲ့ ပေါင်၊ တို့မှာ ဖောက်ဝင်ဒဏ်ရာ၊ ရဲတပ်သား ချစ်ကိုကိုကတော့  မေးစေ့ ကနေ လျှာပေါက်ထွက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၃ ရက်ကလည်း ပြည်ကြီးတံခွန်မြို့နယ်၊ ရန်ကုန် - မန္တလေး လမ်းဟောင်းနဲ့ သခင်ဖိုးလှကြီးလမ်း လမ်းဆုံ ရတနာပုံတက္ကသိုလ်သွားလမ်း မီးပွိုင့် စစ်ဆေးရေးလုပ်နေတဲ့နေရာမှာ ဗုံးပေါက်ကွဲပြီး မြို့နယ် ရဲမှူး အပါအဝင် ၁၁ ယောက်လောက်  ဒဏ်ရာရခဲ့ပါတယ်။

23 seconds Ago
Up