close

ယာဉ်တစီး

close

February 4, 2023

ဝက်လက်နှင့်ထီးဆောင်းတွင် စစ်တပ်စခန်းအပါအဝင် ယာဉ်တစီးတိုက်ခိုက်ခံရပြီး အများအပြား သေဆုံး

စစ်ကိုင်းတိုင်း ဝက်လက်နယ် စိုင်နိုင်ကွေ့လမ်းဆုံကနေ ရွှေဘိုမြို့နယ်ဘက် ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်သား ၂၀ ကျော်ပါတဲ့ ၁၂ ဘီးကားကို ဇန်နဝါရီ ၄ ရက် မနက်မှာ ဒေသကာကွယ်ရေးတပ်တွေက ပဒေသာမိုင်း ၆ လုံးနဲ့  မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုခရိုင်တပ်ရင်း (၂၃) နဲ့ မဟာမိတ် ပ.က.ဖအဖွဲ့တွေက ထုတ်ပြန်ပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၃ ဦး တိုက်ပွ်ဖြစ်ပွားရာနေရာမှာပဲ သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

“ကားခေါင်းပိုင်းကို အထိက ခပ်ပြင်းပြင်းလေး ထိသွားတော့ ကားက ထိုးရပ်သွားတာဗျ။ အဲ့ကျမှ အပေါ်က (-) တချို့ဆင်းလာပြီး ဆက်တိုက်ဖိပစ်တော့တာပါပဲ” လို့ ရွှေဘိုခရိုင်တပ်ရင်း ၂၃ တပ်ရင်းမှူး ဗိုလ်ရန်ကြီးက ဒီဗွီဘီကို ပြောပါတယ်။

အခုတလော အာဏာသိမ်းစစ်ကောင်စီတပ်က ဝက်လက်နယ်က ကျေးရွာတွေကို ဆက်တိုက်ဆိုသလို မီးရှို့ဖျက်ဆီးကာ ဒေသခံတွေကိုလည်း ဖမ်းဆီးသတ်ဖြတ်တာတွေ ရှိနေပြီး ဒေသကာကွယ်ရေးတပ်တွေနဲ့လည်း မကြာခဏဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။ 

ဇန်နဝါရီ ၁ ရက်နေ့ကလည်း လှတောကျေးရွာက ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်သားတွေကို ဒေသကာကွယ်ရေးတပ်တွေက ရှေ့ထွက်မိုင်းနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ တပ်သား ၃ သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ပါသေးတယ်။

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ထီးဆောင်းရွာက စစ်ကောင်စီစခန်းကို  ဒေသကာကွယ်ရေးအဖွဲ့ တွေက ဖေဖော်ဝါရီ ၄ ရက် မနက် ၁ နာရီမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

စစ်ကိုင်း-မုံရွာသွား ကားလမ်းမဘေးမှာရှိတဲ့ အဲဒီစခန်းဟာ ဘန်ကာတွေ၊ ကတုတ်ကျင်းတွေနဲ့ အခိုင်အမာ တည်ဆောက်ထားတာပါ။

Zero ပြောက်ကြားတပ်ဖွဲ့ မြင်းခြံ ကိုသက်ကြီးက “စတိုက်တာက မနက် ၁ နာရီကနေ စတိုက်တာ၊ ၃ နာရီထိ တိုက်ခဲ့တယ်။ အကျအဆုံးကတော့ ၁၅ ကောင် သေဆုံးတယ်။ တချို့ ထွက်ပြေး သွားတယ်” လို့ ပြောပါတယ်။

အဲဒီစခန်းကနေ  MA-3 တလက်၊ ကျည်ဘောက်တခု၊ ၅ ဒသမ ၅၆ ကျည် ၁၈ တောင့်၊ ကာဘိုင် ၁ လက်၊ ကျည်ဘောက် ၃ ခု၊ ကာဘိုင်ကျည် ၁၀၄ တောင့်၊ 9ball ကျည် ၇၆ တောင့်၊ Jummer  စက် ၂ လုံး၊ ကျည်ကာအင်္ကျီ ၁ ထည်၊ စစ်ယူနီဖောင်း ၂ စုံ၊ စစ်ဖိနပ် ၃ ရံနဲ့ စစ်ဦးထုပ် ၃ လုံး ရလိုက်တယ်လို့ သိရပါတယ်။

ကျောက်ဆည်ခရိုင်အမှတ် ၁ တပ်ရင်း(နဂါးနီတပ်ရင်း)မှ ကိုနာဂါးက "လက်နက်ကြီး လက်နက်ငယ်တွေနဲ့ဝင်ပစ်တာ၊ ၂ နာရီကြာတယ်။ စခန်းကို သိမ်းပြီး မီးရှို့နိုင်ခဲ့တယ်။ စခန်း ကတော့ ပြာကျသွားပြီ" လို့ ပြောပါတယ်။ 

သေဆုံးတဲ့စစ်သားအလောင်း ၁၅ လောင်းကတော့ စခန်းမီးရှို့တဲ့ထဲမှာ ပါသွားတယ်လို့ ​ဆိုပါတယ်။ 

တိုက်ပွဲမှာ ပြည်သူကာကွယ်ရေးဘက်က ရဲဘော် ၂ ဦး မစိုးရိမ်ရဒဏ်ရာရခဲ့ပြီး စစ်တပ်က လက်နက်ကြီးနဲ့ ပစ်တာကြောင့် ကျေးရွာအတွင်းက နေအိမ်တွေပေါ်ကျပြီး ပြည်သူတယောက် ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဝက်လက်နဲ့ ထီးဆောင်းရွာတို့မှာ တိုက်ခိုက်ခံရတာကြောင့် ထိခိုက်ကျဆုံးတဲ့အခြေအနေကို စစ်ကောင်စီ သတင်းမထုတ်ပြန်သေးသလို ဒီဗွီဘီကလည်း သီးခြားအတည်မပြုနိုင်သေးပါဘူး။

3 mins Ago

November 21, 2020

နေပြည်တော်-မန္တလေးအမြန်လမ်းတွင် ယာဉ်တစီး သစ်ပင်ဝင်တိုက်သဖြင့် ၁ ဦးသေဆုံး 

နေပြည်တော်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၂၄၉/၃) နဲ့ (၂၄၉/၄) ကြားမှာ နိုဝင်ဘာ ၂၀ ရက်နေ့ ညနေ ၃ နာရီလောက်က ယာဉ်တစီး သစ်ပင်ဝင်တိုက်တာကြောင့် ၁ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။  Honda Odyssey အမျိုးအစား(အဖြူရောင်) ယာဉ်ဟာ မောင်းနှင်လာစဉ် နောက်ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေး ကာရန်ထားတဲ့ ဂတ်စ်ဝေးတန်းအား ဖောက်ထွက်ကာ လမ်းဘေးသစ်ပင်အား ဝင်ရောက်တိုက်မိတာလို့ ဆိုပါတယ်။ ယာဉ်တိုက်မှုဖြစ်ပွားရာကို ဘုရားတောင်အမြန်လမ်းမီးသတ်စခန်းက သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေ သွားရောက်ကူညီဆောင်ရွက်ခဲ့ပါတယ်။ ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ် ပါ အမျိုးသား ၂ ဦးအနက် ယာဉ်မောင်း သေဆုံးခဲ့ပြီး ကျန် ၁ ဦးကတော့ ဒဏ်ရာမစိုးရိမ်ရဘဲ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ပိုင်ယာဉ်နဲ့ နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
2 years Ago
Up