close

ယာဉ်ထိန်းရဲရုံး ဗုံးပေါက်

close

July 1, 2021

မြေနီကုန်း ခုံးတံတားအောက်က ယာဉ်ထိန်းရဲရုံး ဗုံးပေါက်

ရန်ကုန်မြို့ မြေနီကုန်း ဗားကရာလမ်းနဲ့ ပြည်လမ်းမီးပွိုင့်ဆုံရာ ခုံးတံတားအောက်မှာ ဇူလိုင်လ ၁ ရက် မနက် ၈ နာရီအချိန်လောက်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ နီးစပ်သူတွေထံက သိရပါတယ်။

ခုံးတံတားအောက်က ယာဉ်ထိန်းရဲရုံးထဲမှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ပေါက်ကွဲချိန်မှာ ယာဉ်ထိန်းရဲတွေ မရှိဘဲ လမ်းသွားလမ်းလာ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့​တယ်လို့ သိရပါတယ်။

ဗုံးပေါက်ကွဲမှုအပြီး တပ်မတော်လုံခြုံရေးအဖွဲ့များ ရောက်လာပြီး ရှာဖွေစစ်ဆေးတာတွေ လုပ်ဆောင်နေ​တယ်လို့ သိရပါတယ်။

5 mins Ago
Up