close

ယာဉ် ၂ စီး

close

May 9, 2023

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ယာဉ် ၂ စီးတိုက်မိပြီး ၁ ဦးသေ၊ ၁၄ ဦးဒဏ်ရာရ

နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ် ၁၉၀/၄ ဖာလုံအနီးမှာ မေ ၉ ရက် ဒီနေ့မနက်ပိုင်းက ခရီးသည်တင် Express ကားနဲ့ လိုက်ထရပ်ကားတို့ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့တာကြောင့် လူ ၁ ဦးသေဆုံးပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ပလွေးအမြန်လမ်းမီးသတ်တပ်ဖွဲ့က ပြောပါတယ်။

ရန်ကုန်ကနေ မန္တ‌လေးဘက်ကို မောင်းနှင်လာတဲ့ ရွှေမန္တလာခရီးသည်တင်ကားကို အမြန်လမ်းမှာ လူ ၁၅ ဦးပါ လိုက်ထရပ်ကားက မနက် ၆ နာရီလောက်မှာ အနောက်ကနေ ဝင်တိုက်ခဲ့တာပါ။

မြို့ခံကယ်ဆယ်ရေးအသင်း တာဝန်ခံက “Express ကို လိုက်ထရပ်က အနောက်ကနေ ဝင်တိုက်တာ၊ ဘယ်ဘက်နောက်ခြမ်းလေးပါပဲ။ ၁ ဦးသေ၊ ၁၄ ဦး ဒဏ်ရာရပါတယ်။ သေသွားတာက ဒရိုင်ဘာလို့ ကြားပါတယ်။ လိုက်ထရပ်က နေပြည်တော်က ကားပါပဲ။ ရန်ကုန်ကနေ နေပြည်တော်ကို ပြန်လာချိန် ဖြစ်သွားတာ။ ကားပေါ် ယောကျ်ားလေးတွေပါပဲ” လို့ ပြောပါတယ်။

ယာဉ်တိုက်မှုကြောင့် လိုက်ထရပ်ယာဉ်မောင်း အမျိုးသား ၁ ဦး သေဆုံးသွားပြီး အနောက်ခန်းမှာ လိုက်ပါလာတဲ့ အမျိုးသား ၁၄ ဦးအနက် ၂ ဦးမှာ စိုးရိမ်ရဒဏ်ရာ၊ ကျန် ၁၂ ဦးမှာ မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

‌ရွှေမန္တလာကားပေါ်ပါ လူ ၃၈ ဦးစလုံး ထိခိုက်မှုမရှိဘူးလို့ သိရပြီး လိုက်ထရပ်ယာဉ်ရဲ့ ညာဘက်ခေါင်းခြမ်းနဲ့ ရွှေမန္တလာကား ဘယ်ဘက်အနောက်ဘက်ခြမ်း ပျက်စီးသွားပါတယ်။

ယာဉ်တိုက်မှုနေရာကို ပလွေးနယ်မြေမီးသတ်တပ်ဖွဲ့၊ အရေးပေါ် ၁၉၂ ယာဉ်နဲ့ မြို့ခံကယ်ဆယ်ရေးအသင်းတွေက သေဆုံးနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေကို နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံကို ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။

43 mins Ago

September 12, 2022

ညောင်ဦးမြို့နယ်တွင် ယာဉ် ၂ စီး မျက်နှာချင်းဆိုင် တိုက်၊ ၅ ဦး ဒဏ်ရာရ

မန္တလေးတိုင်း ညောင်ဦးမြို့နယ်မှာ စက်တင်ဘာ ၁၁ ရက်ညပိုင်းက မော်တော်ယာဉ် ၂ စီး မျက်နှာချင်းဆိုင် တိုက်မိတာကြောင့် လူ ၅ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ကိုင်ခဲ့သူတွေက ပြောပါတယ်။

တောင်ဇင်းကျေးရွာအုပ်စု၊ တောင်ရွာကျေးရွာနားက ဗျတ္တပန်းဆက်လမ်းပေါ် မိုင်တိုင် ၇ မှာ မနေ့ည ၈ နာရီ ၄၅ မိနစ်လောက်က Daihatus နဲ့ Hiace ကားတို့ မျက်နှာချင်းဆိုင် တိုက်မိခဲ့တာပါ။

ကူညီကယ်ဆယ်ရေးမှာ ပါဝင်သူတဦးက "ကား နှစ်စီးပေါ်က လူ ၅ ဦး ထိခိုက်ဒဏ်ရာရတယ်။ ၃ ဦး စိုးရိမ်ရတယ်။  ဒဏ်ရာရသူတွေကို ညောင်ဦး ဆေးရုံပို့ထားတယ်" လို့ ပြောပါတယ်။

ယာဉ်တိုက်မှုကြောင့် အမျိုးသား ၁ ယောက်နဲ့ အမျိုးသမီး ၁ ယောက် မစိုးရိမ်ရ ဒဏ်ရာရခဲ့ပြီး အမျိုးသား ၂ ယောက်နဲ့ အမျိုးသမီး ၁ ယောက်က စိုးရိမ်ဒဏ်ရာတွေ ရခဲ့တယ်လို့ သိရပါတယ်။

 photo MSDF

8 months Ago
Up