close

ယာတော်မီးသတ်စခန်;

close

March 12, 2022

ပြည်ကြီးတံခွန်မြို့နယ် ယာတော်မီးသတ်စခန်းအနီး ပေါက်ကွဲမှုဖြစ်ပြီး လူငယ် ၂ ဦး ဒဏ်ရာရ

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်၊ ယာတော်ရပ်ကွက်မှာ  မတ် ၁၁ ရက် ည ၇ နာရီလောက်က  ပေါက်ကွဲမှုဖြစ်ပွားပြီး လူငယ် ၂ ယောက်  အနည်းငယ်ထိခိုက်ဒဏ်ရာ ရသွားတယ်လို့ ဒေသခံတွေ ထံက သိရပါတယ်။

ရန်ကုန် - မန္တလေး ကားလမ်းအဟောင်းဘေးရှိ ယာတော်ရပ်ကွက်မီးသတ်ရုံးတောင်ဘက် ဘောလုံးကွင်းထိပ်မှာ ပေါက်ကွဲမှုဖြစ်ခဲ့တာဖြစ်ပြီး ဒဏ်ရာရတဲ့ လူငယ် ၂  ဦးကို မန္တလေး ဆေးရုံကြီးကို တင်ပို့လိုက်ရပါတယ်။

ပြည်ကြီးတံခွန်မြို့နယ်အတွင်း နေထိုင်သူတဦးက “မီးသတ်ရုံး တောင်ဘက်မှာ ပေါက်ကွဲတာ။ အဲဒီနားမှာ ဆံပင်ညှပ်ဆိုင် ရှိတယ်။ ဆံပင်ညှပ်ဆိုင်နားက လူငယ်နှစ်ယောက် ပွန်းပဲ့ ပေါက်ပြဲ ဒဏ်ရာ ရသွားတယ်။” လို့ ပြောပါတယ်။

ဒါ့အပြင် မတ်လ ၁၁ ရက် ည ၈ နာရီကျော်လောက်ကလည်း  လမ်း ၆၀ ၊ ၁၀၄ လမ်း နဲ့ ၁၀၅ လမ်းကြားရှိ Starry Bar မှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး အိမ်စီးကား ၃  စီး ထိခိုက် ပျက်စီး သွားပါတယ်။

2 mins Ago
Up