လူဦးရေ ၂၅ သန်း နေထိုင်တဲ့ ရှန်ဟိုင်းမြို့မှာ ကိုဗစ် ၁၉ ရောဂါဖြစ်ပွားမှု မြင့်တက်နေတာကြောင့် ယာယီဆေးရုံတွေ တည်ဆောက်နေကြောင်း တရုတ်နိုင်ငံပိုင်သတင်းက ကြေညာပါတယ်။
ဧပြီ ၉ ရက်နေ့ CCTV သတင်းဌာနရဲ့ ဗွီဒီယိုတခုမှာ ဒေသအစိုးရက ရှန်ဟိုင်း အမျိုးသားပြပွဲရုံနဲ့ ကွန်ဗန်းရှင်းစင်တာကို ယာယီဆေးရုံ ပြောင်းလဲဖွင့်ခဲ့တာကို ပြသထားပါတယ်။
တရုတ်ရဲ့ ဘဏ္ဍာရေးအချက်အချာမြို့ ရှန်ဟိုင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ထားသူ ၂၂,၆၀၉ ဦးရှိပြီး ဧပြီ ၈ ရက်မှာ ရောဂါလက္ခဏာသစ်ပြလူနာ ၁,၀၁၅ ဦး ရှိပါတယ်။
ရှန်ဟိုင်းမြို့ရဲ့ အကြီးမားဆုံး ကိုဗစ်-၁၉ ဖြစ်ပွားမှုကို ထိန်းချုပ်ဖို့ အာဏာပိုင်တွေက တမြို့လုံးကို လော့ဒေါင်းချထားပါတယ်။