စစ်ကိုင်းတိုင်း၊ မုံရွာမြို့က ဘိုးဘွားရိပ်သာအဝိုင်းပတ်မှာရှိတဲ့ ယာဥ်ထိန်းရဲကင်းတစ်ခုကို မုံရွာ မုန်တိုင်း ပြောက်ကျားတပ်ဖွဲ့အင်အားစုကနေ ဖေဖော်ဝါရီ ၁၂ရက် ည ၁၀ နာရီခွဲလောက်က လက်ပစ်ဗုံးနဲ့ ဖောက်ခွဲဖျက်ဆီးခဲ့ပါတယ်။
စစ်ကောင်စီနဲ့ ပတ်သက်တာ စစ်ကောင်စီပိုင်ပစ္စည်းတွေကို ရရာနည်းနဲ့ ဖျက်ဆီး ပစ်ရမှာဖြစ်ပြီး အဓိကရည်ရွယ်ချက်ကတော့ စစ်အာဏာရှင် စနစ် အပြီးတိုင် ချုပ်ငြိမ်းဖို့ ဖြစ်တယ်လို့ မုန်တိုင်းပြောက်ကျားတပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက DVB ကိုပြောကြားပါသည်။
အဆိုပါဖောက်ခွဲတိုက်ခိုက်ခံခဲ့ရတဲ့ ယာဉ်ထိန်းရဲကင်းကတော့ ပျက်စီးသွားတယ်လို့လည်း သိရပါတယ်။