ဂျာမနီတောင်ပိုင်း ဘာဗာရီးယားပြည်နယ်မှာရှိတဲ့ Isar II နျူကလီးယား ဓာတ်အားပေးစက်ရုံဟာ လုပ်ငန်းနေရာမှာ ယိုစိမ့်မှုရှိကြောင်း သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနကို အကြောင်းကြားခဲ့ပြီး အဲဒီနေရာဟာ လုံခြုံရေးကို ထိခိုက်မှု မရှိပေမဲ့ ပြုပြင်ဖို့ လိုအပ်နိုင်ကြောင်း ဝန်ကြီးဌာနက စက်တင်ဘာလ ၁၉ ရက်မှာ ပြောပါတယ်။
ဒီဓာတ်အားပေးစက်ရုံကို အစိုးရရဲ့ နျူကလီးယား စွမ်းအင်အတွက် အရန်အစီအစဉ် တစ်စိတ်တစ်ပိုင်းအဖြစ် ဒီဇင်ဘာ ၃၁ ရက် ကျော်လွန်ပြီး လည်ပတ်မယ်ဆိုရင် အောက်တိုဘာလထဲမှာ တစ်ပတ်ကြာလောက် ပြုပြင်ရေးလုပ်ဖို့ လိုအပ် ကြောင်းနဲ့ အဲဒီအတောအတွင်းမှာတော့ လုပ်ငန်းတွေ ရပ်တန့်သွားမယ်လို့ ဝန်ကြီးဌာနက ပြောဆိုပါတယ်။
နျူကလီးယားစွမ်းအင်ကို ဖြည်းဖြည်းချင်း ဖယ်ရှားသွားမယ့် ဂျာမဏီရဲ့အစီအစဉ်အောက်မှာ Isar 2 နျူကလီးယားစက်ရုံကို အခုနှစ်ကုန်မှာ ရပ်တန့်သွားဖို့ စီစဉ်ထားတာပါ။
ဒါပေမဲ့ ယူကရိန်းစစ်ပွဲနဲ့ ရုရှားဆီက စွမ်းအင်တင်သွင်းမှု နောက်ဆက်တွဲ ကျဆင်းလာတာကြောင့် မူဝါဒ အပြောင်းအလဲ ဖြစ်လာခဲ့ပြီး အခုခါ ကျန်ရှိနေတဲ့ နျူကလီးယား ဓာတ်အားပေး စက်ရုံ ၃ ရုံထဲက ၂ ရုံကို လာမယ့်နှစ်မှာ အရန်အဆင်သင့်ထားရှိဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနနဲ့ စီးပွားရေး ဝန်ကြီးဌာနတို့ကလည်း အခြေအနေသစ်နဲ့ ဒီဇိုင်းအတွက် သူ့ရဲ့သက်ရောက်မှုနဲ့ အရန်ထားရှိမှုကို အကောင်အထည်ဖော်တာတွေကို စစ်ဆေးနေတယ်လို့ သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနက ပြောပါတယ်။