close

ယီမင်စစ်တပ်

close

March 25, 2022

ယီမင်စစ်တပ် အကြီးတန်းခေါင်းဆောင် ၁ ဦး ကားဗုံးခွဲခံရသဖြင့် သေဆုံး

ယီမင်နိုင်ငံတောင်ပိုင်းက အေဒင်ဆိပ်ကမ်းမြို့မှာ ကားဗုံးခွဲခံရလို့ ယီမင်စစ်တပ် အကြီးတန်းခေါင်းဆောင် တယောက်နဲ့ နောက်လိုက် ၃ ယောက် မတ် ၂၃ ရက်က သေဆုံးတယ်လို့ လုံခြုံရေး သတင်းရင်းမြစ်တွေကို ကိုးကားပြီး ယီမင်မီဒီယာတွေက မတ် ၂၄ ရက်မှာ ဖော်ပြပါတယ်။

ဗိုလ်မှူးချုပ် သာဘတ်ဂါဝက်စ်ဟာ အကြမ်းဖက် တိုက်ခိုက်ရေးသမား အတော်တွေရဲ့ သူရဲဘောကြောင်စွာ တိုက်ခိုက်မှုကြောင့်  သေဆုံးခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုပါတယ်။

အေဒင်မြို့ရဲ့ AIC ရုပ်သံကလည်း မီးလောင်နေတဲ့ကားရဲ့ ရုပ်ပုံကို ပြသပါတယ်။ ဒီတိုက်ခိုက်မှုအပေါ် ဘယ်အဖွဲ့အစည်းကမှ  တာဝန်ခံတာ မရှိသေးပါဘူး။

ဂါဝက်စ်ဟာ ယီမင်နိုင်ငံအတွင်း ဟူသီအုပ်စုရဲ့ရန်သူ ဖြစ်နေတာ ကြာပါပြီ။ သူဟာ ဟူသီတွေနဲ့ ဆာဒါမြို့မှာ တိုက်ခဲ့ဖူးပြီး သူပါဝင်တဲ့ စစ်ဆင်ရေးတွေအတွင်း ဟူသီတွေကို နိုင်ငံတောင်ပိုင်း လာဂျ်ဒေသကနေ ၂၀၁၅ မှာ နှင်ထုတ်ခဲ့ပါတယ်။

အဲဒီနောက် ဆော်ဒီဦးဆောင်တဲ့ ညွန့်ပေါင်းတပ်က ယီမင်စစ်ရေးမှာ ဝင်စွက်ဖက်ခဲ့ပြီး အီရန်နဲ့ မဟာမိတ် ဟူသီတွေကို တိုက်ခဲ့ပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနကရော အေဒင်မြို့ကို ထိန်းချုပ်ထားတဲ့ အစိုးရနဲ့ မိတ်ဘက် ခွဲထွက်ရေးဝါဒီ တောင်ပိုင်း အသွင်ကူးပြောင်းရေး ကောင်စီကပါ ဂါဝက်စ် သေဆုံးတဲ့အတွက် ဝမ်းနည်းကြောင်း ကြေညာချက် အသီးသီး ထုတ်ပြန်ခဲ့ပါတယ်။

12 hours Ago

August 3, 2020

အမေရိကန် ကင်းထောက်ဒရုန်းယာဉ်အား ယီမင်စစ်တပ် ပစ်ချ

ယီမင်စစ်တပ်ဟာ အမေရိကန် ကင်းထောက်ဒရုန်းယာဉ်တစီးကို ပစ်ချခဲ့တယ်လို့ စစ်တပ် ပြောခွင့်ရ ဗိုလ်မှူးချုပ် ယာယာ ဆာရီက သြဂုတ် ၂ ရက်မှာ ပြောပါတယ်။ ယီမင်ရဲ့ ကာကွယ်ရေးစနစ်ဟာ RQ-20 အမေရိကန် ဒရုန်းယာဉ်ကို ဆော်ဒီအာရေဗျနဲ့ ယီမင်နယ်စပ်နားမှာ ပစ်ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။  ဒရုန်းယာဉ် ပျက်ကျလာပုံကို ရုပ်သံရိုက်ကူး မှတ်တမ်းတင်ထားတယ်လို့ ယီမင်ရုပ်သံ အယ်လ်မာစီရာမှာ ဖော်ပြပါတယ်။  ယီမင်နိုင်ငံထဲကို ဆော်ဒီပိုင်နက်ထဲကနေ ဖြတ်ပြီး ဝင်လာဖို့ ကြိုးစားနေတဲ့ ဆော်ဒီညွန့်ပေါင်းတပ်တွေဟာ ရှေ့တန်း သုံးနေရာမှာ ယီမင်စစ်တပ်နဲ့ ထိပ်တိုက်တွေ့ခဲ့ကြောင်း၊ လေးနာရီကြာ ပဋိပက္ခအတွင်း တိုက်ခိုက်သူတချို့ သေဆုံးဒဏ်ရာရပြီး ပြန်ဆုတ်ခွာသွားခဲ့ကြတယ်လို့ ယီမင်စစ်တပ် သတင်းရင်းမြစ်ကို ကိုးကားပြီး အီရန်အခြေစိုက် မေဟီယာသတင်းက ဆိုပါတယ်။  အယ်ရို ဗာရွန်မန့် RQ-20 ပူးမား ဒရုန်းယာဉ်ဟာ ဘက်ထရီစွမ်းအင်သုံး အမေရိကန်လုပ် မောင်းသူမဲ့ လေယာဉ်အမျိုးအစားပါ။  အီလက်ထရောနစ် နည်းပညာသုံး အမြင်အာရုံခံစနစ်နဲ့ အနီအောက် ရောင်ခြည်သုံး ကင်မရာတို့ကို အသုံးပြုပြီး ကင်းထောက်တာ၊ ထောက်လှမ်းရေး အချက်အလက် စုဆောင်းတာတွေကို အဓိက လုပ်ဆောင်ပါတယ်။
2 years Ago
Up