close

ယုံသလင်းအထက်တန်းကျောင်း

close

June 3, 2022

အထက်တန်းကျောင်း ဗုံးပေါက်ကွဲမှုနှင့် မပတ်သက်ဟု ဟင်္သာတ PDF ပြော

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၊ ယုံသလင်းကျေးရွာ အထက်တန်းကျောင်းမှာ ဇွန် ၁ ရက် ည ၉ နာရီကျော်ကဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုဟာ တော်လှန်ရေးအင်အားစုတွေ ဆောင်ရွက်ခဲ့တာမဟုတ်ဘူးလို့  ဟင်္သာတမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

NUG အစိုးရ ချမှတ်ထားတဲ့ မူဝါဒလမ်းစဉ်တွေအတိုင်း အစဉ်တစိုက် လိုက်နာဆောင်ရွက်သွားမှာဖြစ်ပြီး အပြစ်မဲ့ပြည်သူတွေ ထိခိုက်မယ့်လုပ်ရပ်တွေကို လုပ်ဆောင်မှာမဟုတ်ကြောင်း ဟင်္သာတမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က   ဇွန် ၂ ရက်က ပြည်သူတွေကို အသိပေး ထုတ်ပြန်ထားပါတယ်။

ဟင်္သာတမြို့နယ်၊ ယုံသလင်းကျေးရွာ အထက်တန်းကျောင်းမှာ ဇွန် ၁ ရက် ည ၉ နာရီကျော်က ၁၀ တန်း ကျောင်းအဆောင်ဘက်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက  “ဗုံးပေါက်ကွဲချိန်မှာ သူတို့လုံခြုံရေးတွေရှိတယ်။ လူတော့ ထိခိုက်တာ မကြားရဘူး။ ပေါက်တာ ၁၀ တန်းတွေသင်တဲ့အနားက နေရာမှာဖြစ်တာ” လို့ ဆိုပါတယ်။

ပြည်သူတွေနဲ့  တော်လှန်ရေးအင်အားစုတွေကြား သွေးခွဲတဲ့လုပ်ရပ်ကို အကြမ်းဖက်စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့တွေ ထပ်မံပြုလုပ်လာနိုင်တဲ့အတွက် ဟင်္သာတမြို့ ပြည်သူတွေ အထူးဂရုစိုက်နေထိုင်ဖို့ ဟင်္သာတပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေး ထုတ်ပြန်ထားပါတယ်။

အခုဗုံးပေါက်ကွဲမှုဟာ ဧရာဝတီတိုင်းအတွင်း အထက်တန်းကျောင်းတွေမှာ ပထမဆုံးအကြိမ် ဖြစ်တယ်လို့ သိရပါတယ်။

3 mins Ago
Up