ယူကရိန်းသံချပ်ကာယာဉ်တန်းနဲ့ လေကြောင်းကာကွယ်စနစ်တွေကို ရုရှားရဟတ်ယာဉ်တွေ ဖျက်ဆီးခဲ့တဲ့ ဗွီဒီယိုကို ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်လွှင့်ခဲ့ပါတယ်။
ရုရှားတို့ရဲ့ ကြေညာချက်မှာ “တိုက်ခိုက်ရေး ဟယ်လီကောပါတာ KA-52 တွေက ယူကရိန်းစစ်ယာဉ်တန်းနဲ့ လက်နက် အမြောက်အမြား ဖျက်ဆီးခဲ့တယ်၊ အနိမ့်ဆုံးအထိ ပျံသန်းပြီး မြေပြင်ရှိ ဒုံးကျည်တွေကို အတိအကျ ပစ်ခတ်ခဲ့နိုင်ခဲ့တယ်” လို့ ဖော်ပြပါတယ်။
ဘယ်နေ့ ဘယ်ရက် ဘယ်နေရာမှာ ပစ်ခတ်ခဲ့တယ်ဆိုတာလည်း ရုရှားဘက်က မဖော်ပြထားဘဲ ယူကရိန်းစစ်အရာရှိတွေဆီကလည်း အတည်ပြုချက် သတင်းဌာနတွေ မရရှိသေးပါဘူး။