close

ယူကရိန်းဆိပ်ကမ်း

close

August 8, 2022

ယူကရိန်းဆိပ်ကမ်းကထွက်လာသည့် စပါးတင်သင်္ဘော လက်ဘနွန်ဆိပ်ကမ်းသို့ မရောက်သေး

ပြီးခဲ့သည့်လက ကြားဝင်စေ့စပ်ထားလို့ ယူကရိန်းဆိပ်ကမ်းကနေ ထွက်လာတဲ့ ပထမဆုံး ကောက်ပဲသီးနှံတင်သင်္ဘောဟာ စီစဉ်ထားတဲ့အတိုင်း သြဂုတ် ၇ ရက်မှာ လက်ဘနွန်ကို ရောက်လာမှာ မဟုတ်ဘူးလို့ လက်ဘနွန်အခြေစိုက် ယူကရိန်းသံရုံးက ပြောပါတယ်။

ရာဇိုနီကုန်တင်သင်္ဘောဟာ သြဂုတ် ၁ ရက် အစောပိုင်းမှာ စပါး ၂၆,၅၂၇ တန် တင်ဆောင်ရင်း ပင်လယ်နက်ကမ်းခြေကနေ အိုဒက်ဆာဆိပ်ကမ်းကနေ ထွက်လာပြီး လက်ဘနွန်မြောက်ပိုင်း ထရီပိုလီဆိပ်ကမ်းမြို့မှာ သြဂုတ် ၇ ရက်နေ့ ဆိုက်ကပ်ဖို့ စီစဉ်ထားတယ်လို့ ယူကရိန်း အရာရှိ တွေနဲ့ လက်ဘနွန် ဆိပ်ကမ်းအာဏာပိုင်တွေက ပြောထားခဲ့ပါတယ်။

ဒါပေမယ့် သင်္ဘောဟာ ကြန့်ကြာနေပြီး ဩဂုတ် ၇ ရက်မှာ ရောက်မလာတဲ့အကြောင်း လက်ဘနွန်နိုင်ငံက ယူကရိန်းသံရုံးက ရိုက်တာသတင်းဌာနကို ပြောခဲ့ပါတယ်။

ဆိုက်ရောက်မယ့်ရက် ဒါမှမဟုတ် နောက်ကျရတဲ့ အကြောင်းရင်း အသေးစိတ်ကို မပြောခဲ့ပါဘူး။

ဘဏ္ဍာရေးသတင်းအချက်အလက် ကုမ္ပဏီ Refinitiv Eikon ရဲ့ သင်္ဘောဆိုင်ရာ သတင်းအချက်အလက်အရ  သြဂုတ် ၇ ရက် မနက်ပိုင်းမှာ တူရကီကမ်းရိုးတန်းကို ဖြတ်လာတဲ့ ရာဇိုနီသင်္ဘောကို ပြထားပါတယ်။ 

အသေးစိတ် ကုန်စည်စာရင်းထဲမှာ ဆိုက်ရောက်မယ့်ရက်ကို ဩဂုတ် ၉ ရက်လို့ မျှော်မှန်းထားပြီး ကုန်စည်တင်ရမည့်နေရာကို "မှာယူရန်" လို့ ဖော်ပြထားပါတယ်။

ဒါဟာ ပုံမှန်အားဖြင့် သင်္ဘောတစီးကို ပိုင်ရှင်တဦးကနေ တဦးဆီ လွှဲပြောင်းပေးနိုင်တဲ့ အဓိပ္ပာယ်ပါ။

ရာဇိုနီသင်္ဘောပေါ်က စပါးကို ဘယ်သူဝယ်မှန်း မသိဘူးလို့ လက်ဘနွန်ရဲ့ လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးရေးနဲ့ စီးပွားရေးဝန်ကြီး အားလုံးက ပြီးခဲ့တဲ့ သီတင်းပတ်က ရိုက်တာသတင်းဌာနကို ပြောခဲ့ပါတယ်။

ရုရှားလွှမ်းမိုးထားတဲ့ ပင်လယ်နက်ကိုဖြတ်ပြီး ယူကရိန်းကနေ စပါးတင်ပို့မှု ရပ်လိုက်ရင် ကမ္ဘာတဝန်း အငတ်ဘေး ဆိုက်သွားနိုင်တယ်လို့ ကုလသမဂ္ဂက သတိပေးထားပါတယ်။

4 mins Ago

June 4, 2022

ယူကရိန်းဆိပ်ကမ်းရှိ သီးနှံများ တင်ပို့ရေး ပိတ်ပင်မထားဟု ရုရှားသမ္မတ ပြော

ယူကရိန်းဆိပ်ကမ်းတွေမှာ သိုလှောင်ထားတဲ့ သီးနှံတွေကို နိုင်ငံခြားတင်ပို့လို့ မရအောင် ရုရှားဘက်က ပိတ်ပင်ထားတာမရှိဘူးလို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောပါတယ်။ သီးနှံတွေကို ဘီလာရုစ်နိုင်ငံကတဆင့် တင်ပို့မယ်ဆိုရင်တော့ အကောင်းဆုံး နည်းလမ်းပဲလို့လည်း ပူတင်က နိုင်ငံပိုင် ရုပ်သံမှာ ပြောသွားပါတယ်။

အနောက်နိုင်ငံတွေဟာ သူတို့ရဲ့ မူဝါဒ အမှားတွေကို ဖုံးကွယ်ချင်တာနဲ့ ကမ္ဘာ့စားနပ် ရိက္ခာဈေးကွက်ကို လက်ညိုးထိုးပြပြီး ရုရှားကို အပြစ်တင်ဖို့ ကြိုးစားနေတာလို့လည်း ပြောပါတယ်။ 

လောလောဆယ်မှာတော့ ရုရှားစစ်တပ်ဟာ ယူကရိန်း တောင်ပိုင်းကမ်းရိုးတန်းဒေသတွေကို သိမ်းပိုက်ထားသလို စစ်သင်္ဘောတွေကလည်း ပင်လယ်နက် ဆိပ်ကမ်းထွက်ပေါက်တွေကို ပိတ်ဆို့ထားပါတယ်။ 

ဒါပေမဲ့ ယူကရိန်းရဲ့ သီးနှံတင်ပို့မှုကို အနှောင့်အယှက်ဖြစ်အောင်လုပ်နေတာဟာ ယူကရိန်းနိုင်ငံကိုယ်တိုင်နဲ့ အနောက်နိုင်ငံတွေပဲ ဖြစ်တယ်လို့ ရုရှားက အပြစ်တင်လေ့ရှိပါတယ်။ 

“ဒီပြဿနာကို ပြေလည်စေချင်ရင် သီးနှံတွေကို ဘီလာရုနိုင်ငံကတဆင့် တင်ပို့ရုံပါပဲ။ ဘယ်သူမှလည်း ပိတ်ဆို့မထားပါဘူး။ ဒီလို လုပ်ဖို့ ဆိုရင် ဘီလာရုစ်နိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့ ထားတာတွေကို ဖွင့်ပေးဖို့တော့ လိုလိမ့်မယ်” လို့ ပူတင်က ပြောပါတယ်။ 

ဗြိတိန်နဲ့ အမေရိကန်တို့က ရုရှားရဲ့ ဓာတ်မြေသြဇာလုပ်ငန်းတွေအပေါ် ပိတ်ဆို့ထားတာကြောင့် ကမ္ဘာ့စားနပ်ရိက္ခာ ဈေးကွက်ပြဿနာဟာ ပိုပြီး အခြေအနေ ဆိုးရွားလာရတယ်လို့လည်း ပူတင်က အပြစ်တင်သွားပါတယ်။

2 months Ago
Up