close

ယူကရိန်းနှင့် အစ္စရေး

close

October 7, 2021

တကျော့ပြန် နာဇီ ရာဇဝတ်မှုများမဖြစ်စေရေး ယူကရိန်းနှင့် အစ္စရေးသတိပေး

နာဇီတွေရဲ့ရာဇဝတ်မှုတွေ တကျော့ပြန် ဖြစ်မလာဖို့ ယူကရိန်းနဲ့ အစ္စရေး နှစ်နိုင်ငံ ခေါင်းဆောင်တွေက  အောက်တိုဘာ ၅ ရက်မှာ သတိပေးလိုက်ပါတယ်။

ဘာဘင်ယာ လူသတ်ပွဲမှာ သေဆုံးခဲ့ကြတဲ့ ဂျူးလူမျိုးတွေကို အမှတ်ရ အောက်မေ့ပွဲကို မတက်ခင် ယူကရိန်းသမ္မတ ဗိုလိုဒိုမြာ ဇေလန်စကီက ခုလို ပြောခဲ့တာပါ။

ယူကရိန်းနိုင်ငံမှာ စက်တင်ဘာနဲ့ အောက်တိုဘာအတွင်း မြို့တော် ကိယက်ဗ်နားက ဘာဘင်ယာလျှိုထဲမှာ အရပ်သားတွေ အစုလိုက် အပြုံလိုက် အသတ်ခံရတဲ့ နှစ် ၈၀ ပြည့် နှစ်ပတ်လည်နေ့ကို ကျင်းပနေပါတယ်။

ဒီအခမ်းအနားကို လာရောက်တဲ့ အစ္စရေးသမ္မတ အိုင်းဆတ် ဟာဇော့ဂါကို ယူကရိန်း သမ္မတက ကြိုဆိုခဲ့ပါတယ်။

ဘာဘင်ယာလူသတ်ပွဲဟာ နာဇီဂျာမန်တပ်တွေက ဂျူးလူမျိုးတွေကို တကြိမ်တည်းနဲ့ အများဆုံး သတ်ဖြတ်မှုတွေထဲက တခုပါ။ ဇေလန်စကီကတော့ ယူကရိန်းရဲ့ ပထမဆုံး ရွေးကောက်ခံ ဂျူးလူမျိုး သမ္မတ ဖြစ်ပါတယ်။

အစုလိုက်အပြုံလိုက် လူသတ်တဲ့ ဆိုးရွားတဲ့ ရာဇဝတ်မှုတွေ ဘယ်တော့မှ ထပ်မဖြစ်စေဖို့ အစ္စရေး သမ္မတနဲ့အတူ သူက တိုက်တွန်းခဲ့ပါတယ်။

အရင်အပတ်က ယူကရိန်း လွှတ်တော်ဟာ ဆီမိုက် မျိုးနွယ်စုဆန့်ကျင်ရေးကို အဓိပ္ပာယ် ဖွင့်ဆိုထားပြီး ဂျူးဆန့်ကျင်ရေး အမုန်းစကားအတွက် ပြစ်ဒဏ်တွေကို သတ်မှတ်ထားတဲ့ ဥပဒေတရပ်ကို အတည်ပြုခဲ့ပါတယ်။ 

3 mins Ago
Up